တာချီလိတ်မြို့နယ်အတွင်း မိုးရာသီအစေ့ထုတ်ပြောင်းများတွင် ငမြှောင်တောင်ပိုးကျနေ
တာချီလိတ်မြို့နယ်အတွင်း မိုးရာသီအစေ့ထုတ်ပြောင်းများတွင် ငမြှောင်တောင်ပိုးကျနေ
ဇှနျ 14, 2019
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇) အုပ်စုသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဦးစီးဌာန၊ မယ်ဖားလုံဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းပြီး ငမြှောင်တောင်ပိုးနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲများ၊ ကွင်းဆင်းစစ်ဆေးမှုများကို ၂၀၁၉ ခုနှစ် ဧပြီလမှစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းတွင် ငမြှောင်တောင်ပိုး ကျရောက်သည့်လက္ခဏာများတွေ့ရပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားနိုင်ပြီး ကျေးရွာများတွင် ဖြန့်ဝေထားသည့် လက်ကမ်းစာစောင်နှင့် ဗီနိုင်းများတွင်ပါဝင်သည့် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၏ ဖုန်းနံပါတ်ကိုလည်း တိုက်ရိုက်ဆက်သွယ် အကူအညီရယူနိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - SKZL
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း မိုးရာသီအစေ့ထုတ်ပြောင်းစိုက်ပျိုးချိန်တွင် ငမြှောင်တောင်ပိုးကျရောက်နေသဖြင့် တောင်သူအသိပညာပေးလုပ်ငန်းများနှင့် နှိမ်နှင်းရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေရကြောင်း သိရသည်။
"တာချီလိတ်မြို့နယ်မှာဆိုရင် အစေ့ထုတ်ပြောင်းတော်တော်များများမှာ ကျနေပါပြီ။ စိုက်ဧကအနေနဲ့ဆိုရင် တာချီလိတ်မြို့နယ်မှာ တာလေ၊ ကျိုင်းလပ်အပါအဝင်ဆို ဧက (၂၃၀၀) ကျော် ရှိပါတယ်။ မိုးရာသီ အစေ့ထုတ်ပြောင်းစိုက်ပျိုးချိန်မှာ ဧကတိုင်းကို လွှမ်းခြုံနိုင်အောင် ပညာပေးဝန်ထမ်းတွေက ကွင်းထဲအထိ ဆင်းနေပါတယ်။ ဧကတော်တော်များများမှာ ဒီငမြှောင်တောင်ပိုးက ကျရောက်နေတာကို တွေ့ရှိရပါတယ်။ ဒီကိစ္စက အခုမှစလုပ်တာ မလုပ်ပါဘူး။ ပြီးခဲ့တဲ့နှစ် ရှမ်းတောင်ကို စပြီးကျရောက်တဲ့အတွက် ရှမ်းအရှေ့မှာ ကျရောက်တဲ့ပိုးတွေကို ကျွန်တော်တို့ သီးနှံကာကွယ်ရေးဌာနခွဲရုံးချုပ်ကိုထည့်ပြီးတော့ နမူနာပေးပို့ပါတယ်။ ငမြှောင်တောင် FAW ဟုတ်တယ်ဆိုတာ အတည်ပြုပါတယ်။ အခုလွယ်တော်ခမ်းမှာလည်း ကျနပြေီ။ ဒါပေမဲ့ ဆိုးဆိုးရွားရွား စီးပွားရေးထိခိုက်တဲ့အထိ မရောက်သေးပါဘူး။ အဲဒီမှာ ကျွန်တော်တို့ ဘက်စုံကာကွယ်နှိမ်နင်းမှုနဲ့ ရသလောက်လုပ်နပြေီးတော့ ဘက်စုံကာကွယ်နှိမ်နှင်းမှုနဲ့မနိုင်တော့ရင် ဓာတုဆေးတွေနဲ့ လက်ဦးမှုယူပြီးတော့ ဆေးဖြန်းတဲ့ကိစ္စတွေကို စပြီးဆောင်ရွက်နေပါပြီ"ဟု တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇) အုပ်စုသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနဖြေင့် ကျေးလက်ဦးစီးဌာန၊ မယ်ဖားလုံဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းပြီး ငမြှောင်တောင်ပိုးနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲများ၊ ကွင်းဆင်းစစ်ဆေးမှုများကို ၂၀၁၉ ခုနှစ် ဧပြီလမှစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငမြှောင်တောင်ဖလံများသည် တစ်ညလျှင် မိုင်(၆၀)ကျော်အထိ ပျံသန်းနိုင်ပြီး ဖလံအမတစ်ကောင်သည် (၁) ကြိမ်လျှင် ဥပေါင်း (၁၅၀)မှ (၂၀၀)ကျော်အထိ ဥချနိုင်ကာ (၂၁) ရက်အတွင်း ဥပေါင်း (၂၀၀၀) ခန့်ဥချနိုင်သည့် ဖျက်နိုင်စွမ်းမြင့်သည့်ပိုးများဖြစ်ကြောင်း သိရသည်။
တောင်သူများအနဖြေင့် မိမိတို့စိုက်ခင်းတွင် ငမြှောင်တောင်ပိုး ကျရောက်သည့်လက္ခဏာများတွေ့ရပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားနိုင်ပြီး ကျေးရွာများတွင် ဖြန့်ဝေထားသည့် လက်ကမ်းစာစောင်နှင့် ဗီနိုင်းများတွင်ပါဝင်သည့် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၏ ဖုန်းနံပါတ်ကိုလည်း တိုက်ရိုက်ဆက်သွယ် အကူအညီရယူနိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - SKZL
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net