တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကိုယ်အပူချိန် အနည်းငယ်မြင့်သည့် ထိုင်းနိုင်ငံသူ (၂)ဦးကို တွေ့ရ၍ ဟိုတယ်တွင် သီးသန့်ထားကာ (၁၄)ရက် စောင့်ကြည့်ရန် ကျန်းမာရေးက ညွှန်ကြားထား

တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကိုယ်အပူချိန် အနည်းငယ်မြင့်သည့် ထိုင်းနိုင်ငံသူ (၂)ဦးကို တွေ့ရ၍ ဟိုတယ်တွင် သီးသန့်ထားကာ (၁၄)ရက် စောင့်ကြည့်ရန် ကျန်းမာရေးက ညွှန်ကြားထား
မတ် 24, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကိုယ်အပူချိန် အနည်းငယ်မြင့်သည့် ထိုင်းနိုင်ငံသူ (၂)ဦးကို ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့ ညပိုင်းက ဟိုတယ်တစ်ခု၌ ကိုယ်အပူချိန် အနည်းငယ်မြင့်သည့် ထိုင်းနိုင်ငံသူ (၂)ဦးအား ယနေ့ မတ်လ(၂၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ပို့ဆောင်လိုက်ပြီဖြစ်သည်။

"ဒီနေ့ ကိုယ်အပူချိန်တိုင်းတာတော့ အဖျားတော့မရှိဘူး တစ်ယောက်ကတော့ ကိုယ်အပူချိန် (၃၆.၆)၊ နောက်တစ်ယောက်က (၃၆.၈)စင်တီဂရိတ် ရှိပါတယ်"ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဉီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ(၂၃)ရက်နေ့က ထိုင်းနိုင်ငံသူ (၂)ဦးအား ဟိုတယ်အနေဖြင့် (၁၄)ရက်နေ့ စောင့်ကြည့်ရန် ဆေးရုံက ညွှန်ကြားထားခြင်း ဖြစ်သော်လည်း မြန်မာ နှင့် ထိုင်းနှစ်ဖက်ညှိနှိုင်းကာ မတ်လ(၂၄)ရက်နေ့တွင် မယ်ဆိုင်ဘက်သို့ ပြန်လည်ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~