ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်သို့လျှော့ချပေးလိုက်သဖြင့် ငွေကျပ် (၄၀၀၀) သက်သာလာမည်

ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်သို့လျှော့ချပေးလိုက်သဖြင့် ငွေကျပ် (၄၀၀၀) သက်သာလာမည်
ဇှနျ 18, 2019
By Tachileik News Agency



ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,၀၀၀)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,၀၀၀) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက်  ကျပ် (၁၉,၀၀၀)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,၀၀၀) ကျသင့်မည်ဖြစ်ကြောင်း ယခုလို သတ်မှတ်ချက်သည် တာချီိလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း  သိရသည်။

ယာဉ်မောင်းလိုင်စင် ပြုလုပ်လိုသူများ အနေဖြင့် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ (၃) ပုံဖြင့် လူကိုယ်တိုင် လာရောက်လျှောက်ထားရန် လိုအပ်ကြောင်း သိရှိရသည်။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဆိုင်ကယ်မောင်းနှင်သူတိုင်း ဆိုင်ကယ်မောင်းလိုင်စင်ရှိစေရေးအတွက် အထူးနယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးမှုများ ပြုလုပ်နေရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်ထိလျော့ချပေးလိုက်သဖြင့် ပြုလုပ်သူများအတွက် ငွေကျပ် (၄,ဝဝဝ) သက်သာသွားမည်ဖြစ်ကြောင်း သိရသည်။

"တစ်ခုထူးခြားတာက ဒီတစ်ခေါက်က (၄,ဝဝဝ) သက်သာသွားတယ်ဗျ။ အရင်က စစ်ဆေးခကို (၃) ကြိမ်၊ (၁) ကြိမ် (၂,ဝဝဝ) ပေါ့။ (၃) ကြိမ်ဆိုတော့ (၆,ဝဝဝ) ပေါ့။ ရုံးချုပ်ကနေ ကျွန်တော်တို့ကို (၁) ကြိမ်ပဲကောက်ပါ ဆိုပြီးတော့မှ ညွှန်ကြားလာတယ်။ ဒီလိုလျှော့တာက ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာပဲပေါ့။ ရုံးမှာ လုပ်ရင်တော့ အရင်ပုံမှန်နှုန်းပဲ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက် ကျပ် (၁၉,ဝဝဝ)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,ဝဝဝ) ကျသင့်မည်ဖြစ်ကြောင်း ယခုလို သတ်မှတ်ချက်သည် တာချိီလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင် ပြုလုပ်လိုသူများ အနဖြေင့် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ (၃) ပုံဖြင့် လူကိုယ်တိုင် လာရောက်လျှောက်ထားရန် လိုအပ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net