ဆီဆိုင်မြို့တွင် PNO ပြည်သူ့စစ်(၃)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

ဆီဆိုင်မြို့တွင် PNO ပြည်သူ့စစ်(၃)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
ဇန်နဝါရီ 28, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် PNO ပြည်သူ့စစ် (၃)ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၇)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"PNA ကနေ PNLA ကားကို ချောင်းပစ်ဖို့စောင့်နေတာကို သတင်းကြိုရလို့ သွားဝိုင်းပြီး (၃)ယောက်ဖမ်းဆီးမိတာ။ AK သေနတ်တစ်လက်၊ ဗုံးတစ်လုံး၊ ကျည်(၇၉)လုံးနဲ့ ယာမမူးယစ်ဆေးတွေ ဖမ်းမိတာ။"ဟု PNLA ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

အသေးစိတ်အချက်အလက်ကိုမူ ပြောဆိုခြင်းမရှိသော်လည်း လက်ရှိတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသည်။

#TachileikNewsAgency