မောက်မယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းများတွင် ရေတက်လာ၍ ရေအတက်အကျအား ဆက်လက်စောင့်ကြည့်နေ

မောက်မယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းများတွင် ရေတက်လာ၍ ရေအတက်အကျအား ဆက်လက်စောင့်ကြည့်နေ
စကျတငျဘာ 1, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက စ၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းကြောင့် အနိမ့်ပိုင်းရှိ နေအိမ်များမှ လူဦးရေ (၈၇)ဦးအား စားစရာများပေးဝေထားရပြီး ရေအတက်အကျကို စောင့်ကြည့်နေကြောင်း မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံက သိရသည်။

မောက်မယ်မြို့နယ်အတွင်းရှိ နမ့်ယွမ်းချောင်းမှ ချောင်းရေလျှံကာ ချောင်းတစ်လျှောက် အနိမ့်ပိုင်းနေအိမ်အချို့နှင့် မွေတော်ရပ်ကွက်အတွင်းရှိ အမှတ်(၆)အခြေခံပညာမှုလတန်းကျောင်းအတွင်းသို့ (၂)ပေခန့်အထိ ရေများဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အိမ်ထောင်စု (၂၄)စုမှ အမျိုးသား(၅၅)ဦး နှင့် အမျိုးသမီး(၃၂)ဦး စုစုပေါင်း (၈၇)ဦးအား မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ နှင့် ကြက်ခြေနီ၊ မီးသတ်အပါအ၀င် သက်ဆိုင်ရာများက သွားရောက်ကူညီ ဆောင်ရွက်ကာ ထမင်းနှင့်ရေသန့်များ ပေးဝေခဲ့ရကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက စ၍ ရကြေီးရေလျှံမှုဖြစ်ပေါ်ခြင်းကြောင့် အနိမ့်ပိုင်းရှိ နေအိမ်များမှ လူဦးရေ (၈၇)ဦးအား စားစရာများပေးေဝထားရပြီး ရေအတက်အကျကို စောင့်ကြည့်နေကြောင်း မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံက သိရသည်။

မောက်မယ်မြို့နယ်အတွင်းရှိ နမ့်ယွမ်းချောင်းမှ ချောင်းရေလျှံကာ ချောင်းတစ်လျှောက် အနိမ့်ပိုင်းနေအိမ်အချို့နှင့် မွေတော်ရပ်ကွက်အတွင်းရှိ အမှတ်(၆)အခြေခံပညာမှုလတန်းကျောင်းအတွင်းသို့ (၂)ပေခန့်အထိ ရေများဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အိမ်ထောင်စု (၂၄)စုမှ အမျိုးသား(၅၅)ဦး နှင့် အမျိုးသမီး(၃၂)ဦး စုစုပေါင်း (၈၇)ဦးအား မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ နှင့် ကြက်ခြေနီ၊ မီးသတ်အပါအဝင် သက်ဆိုင်ရာများက သွားရောက်ကူညီ ဆောင်ရွက်ကာ ထမင်းနှင့်ရေသန့်များ ပေးေဝခဲ့ရကြောင်း သိရသည်။

"ရေကပြန်ကျသွားပေမဲ့ ချောင်းရေထပ်များလာမလားဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်ခင်ဗျ၊ ကျောင်းထဲမှာလည်း ရေတွေက ဝင်နေတယ်၊ တော်သေးတာက ဒီနေ့က ကျောင်းပိတ်ရက်မို့ တော်သေးတယ်"ဟု သွားရောက် ကယ်ဆယ်ဆောင်ရွက်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေ့လည်ပိုင်းတွင် အဆိုပါ ချောင်းမှ ရေများကျသွားပြီဖြစ်သော်လည်း ချောင်းအရေအတက်အကျ အခြေအနေများကို အဆက်မပြတ် စောင့်ကြည့်နေလျက်ရှိကြောင်း နှင့် ချောင်းရေထပ်မံတိုးလာပါက အနိမ့်ပိုင်းရှိ နေအိမ်များမှ ပြည်သူများ အချိန်မီ ပြောင်းရွှေ့ပေးနိုင်ရန်အတွက် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - မောက်မယ်မြို့နယ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net