ကျိုင်းတုံမြို့နယ် မြေစာရင်းဝန်ထမ်းများက CDM လုပ်နေပြီး အရပ်သားအစိုးရအဖွဲ့ ကြေညာမှ အလုပ်တက်မည်

ကျိုင်းတုံမြို့နယ် မြေစာရင်းဝန်ထမ်းများက CDM လုပ်နေပြီး အရပ်သားအစိုးရအဖွဲ့ ကြေညာမှ အလုပ်တက်မည်
မတ် 5, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများက အရပ်သားအစိုးရဖွဲ့စည်းပြီး ရုံးတက်ရန်ကြေညာသည့်အချိန်ရောက်မှ ပြန်လည်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် မတ်လ (၅) ရက်နေ့၌ ထုတ်ပြန်ထားသည်။



ဝန်ထမ်းများအနေဖြင့် အလုပ်နှုတ်ထွက်ခြင်းမဟုတ်ကြောင်း၊ ပါတီနိုင်ငံရေးဆောင်ရွက်နေခြင်းမဟုတ်ကြောင်း၊ အထက်အကြီးအကဲများကို မထီမဲ့မြင်ပြုလုပ်ခြင်းမဟုတ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းတစ်ယောက်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ခြင်းဖြစ်ကြောင်း ဝန်ထမ်းများက တင်ပြထားကြောင်း သိရသည်။

 



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများက ဆန္ဒဖေါထုတ်နေကြပြီး ပြည်သူ့ဝန်ထမ်းများကလည်း CDM လုပ်ဆောင်နေကြခြင်းဖြစ်သည်။



Tachileik News Agency