ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္သတင္းရေနရာအား ဝင္ဖမ္းရာ အမ်ိဳးသားတစ္ဦးက ဆုိင္ကယ္ႏွင့္ စိတ္ၾကြေဆးျပားကို ထားခဲ့ကာထြက္ေျပးလြတ္ေျမာက္သြား

ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္သတင္းရေနရာအား ဝင္ဖမ္းရာ အမ်ိဳးသားတစ္ဦးက ဆုိင္ကယ္ႏွင့္ စိတ္ၾကြေဆးျပားကို ထားခဲ့ကာထြက္ေျပးလြတ္ေျမာက္သြား
ဇွန် 5, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ အမွတ္ ( ၁ ) ရပ္ကြက္ရွိ သခ်ၤ ိဳင္းေဟာင္းေနရာတြင္ ၂၀၁၉ ခုနွစ္၊ ဇြန္လ (၅) ရက္ေန႔ နံနက္ပိုင္းက ဝင္ေရာက္စီးနင္းရွာေဖြရာ အသက္ (၂၄) ႏွစ္ခန္႔ အမ်ိဳးသားတစ္ဦးက ဆိုင္ကယ္ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပား (၇၃၆)ျပားအားထားခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ႏွင့္ အသိသက္ေသမ်ားပါဝင္သည့္အဖြဲ႔က နံနက္ (၁၀) နာရီဝန္းက်င္တြင္ အမွတ္ (၁) ရပ္ကြက္၊ အုတ္က်င္းရပ္ရွိ ဗမာသခ်ိၤဳင္းေဟာင္းအတြင္း ဝင္ေရာက္ရွာေဖြရာ အသက္ (၂၄) ႏွစ္အရြယ္ သီဟ ဆိုသူအားေတြ႔ရၿပီး ၄င္းစီးနင္းလာေသာ CZI 125 CC ( ျဖဴ/နီအၾကား) ဆိုင္ကယ္အားထား၍ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

က်န္ေနခဲ့သည့္ ဆိုင္ကယ္အားစစ္ေဆးရာ ဆိုင္ကယ္တူးေဘာက္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၇၃၆) ျပား သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထြက္ေျပးသြားသူ သီဟကို ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ ( ပ ) ၂၈/ ၂၀၁၉၊ မူး/ စိတ္ ပုဒ္မ ၁၉ ( က ) အရ အမႈဖြင့္လွစ္ထားၿပီး ဖမ္းဆီးရမိႏိုင္ေရးအတြက္ စံုစမ္းရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔မွ ဇြန္လ (၅) ရက္ေန႔အထိ မူးယစ္ေဆးဝါးအမႈေပါင္း (၂၈) ခုရွိခဲ့ကာ မူးယစ္မႈႏွင့္ပတ္သက္သည့္ အမ်ိဳးသား (၃၉) ဦးႏွင့္ အမ်ိဳးသမီး ( ၆) ဦးအနက္ အမ်ိဳးသား(၁)ဦးလြတ္ေျမာက္ေနဆဲျဖစ္ၿပီး က်န္ (၄၄)ဦးကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျောက်မဲမြို့တွင် မူးယစ်သတင်းရနေရာအား ဝင်ဖမ်းရာ အမျိုးသားတစ်ဦးက ဆိုင်ကယ်နှင့် စိတ်ကြွဆေးပြားကို ထားခဲ့ကာထွက်ပြေးလွတ်မြောက်သွား
***************
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ အမှတ် ( ၁ ) ရပ်ကွက်ရှိ သချင်္ ိုင်းဟောင်းနေရာတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းရှာဖွေရာ အသက် (၂၄) နှစ်ခန့် အမျိုးသားတစ်ဦးက ဆိုင်ကယ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၇၃၆)ပြားအားထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့် အသိသက်သေများပါဝင်သည့်အဖွဲ့က နံနက် (၁၀) နာရီဝန်းကျင်တွင် အမှတ် (၁) ရပ်ကွက်၊ အုတ်ကျင်းရပ်ရှိ ဗမာသချိင်္ုင်းဟောင်းအတွင်း ဝင်ရောက်ရှာဖွေရာ အသက် (၂၄) နှစ်အရွယ် သီဟ ဆိုသူအားတွေ့ရပြီး ၄င်းစီးနင်းလာသော CZI 125 CC ( ဖြူ/နီအကြား) ဆိုင်ကယ်အားထား၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်နေခဲ့သည့် ဆိုင်ကယ်အားစစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၇၃၆) ပြား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသူ သီဟကို ကျောက်မဲမြို့မရဲစခန်းတွင် မယ ( ပ ) ၂၈/ ၂၀၁၉၊ မူး/ စိတ် ပုဒ်မ ၁၉ ( က ) အရ အမှုဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိ မူးယစ်ဆေးဝါးအမှုပေါင်း (၂၈) ခုရှိခဲ့ကာ မူးယစ်မှုနှင့်ပတ်သက်သည့် အမျိုးသား (၃၉) ဦးနှင့် အမျိုးသမီး ( ၆) ဦးအနက် အမျိုးသား(၁)ဦးလွတ်မြောက်နေဆဲဖြစ်ပြီး ကျန် (၄၄)ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net