ကျောက်မဲမြို့ကို ခွေးရူးကင်းမဲ့ဇုန်ဖြစ်ဖို့ ပိုင်ရှင်မဲ့ခွေးများကို သားကြောဖြတ်ကာ ခွေးရူးကာကွယ်ဆေးထိုးပေး

ကျောက်မဲမြို့ကို ခွေးရူးကင်းမဲ့ဇုန်ဖြစ်ဖို့ ပိုင်ရှင်မဲ့ခွေးများကို သားကြောဖြတ်ကာ ခွေးရူးကာကွယ်ဆေးထိုးပေး
သြဂုတ် 12, 2020
By Tachileik News Agency

ကျောက်မဲမြို့ကို ခွေးရူးကင်းမဲ့ဇုန်ဖြစ်ဖို့ ပိုင်ရှင်မဲ့ခွေးများကို သားကြောဖြတ်ကာ ခွေးရူးကာကွယ်ဆေးထိုးပေး 

ရှမ်းပြည်နယ်မြောက်ပိုင်းထဲက ကျောက်မဲမြို့ကို ခွေးရူးရောဂါကင်းမဲ့ဇုန်ဖြစ်ဖို့အတွက် ပိုင်ရှင်မဲ့ခွေးများကို သားကြောဖြတ်ခြင်းနဲ့ ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းကို ကျောက်မဲပြည်သူ့ဆေးရုံနဲ့ စစ်ကိုင်းကRoyal Heart  ပိုင်ရှင်မဲ့ခွေးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့က (၆)လ စီမံချက်နဲ့ စတင်ဆောင်ရွက်နေပါတယ်။

စီမံချက်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့က စတင်လိုက်ပြီး ကျောက်မဲပြည်သူ့ဆေးရုံဝန်းအတွင်း ယာယီဆေးခန်းဖွင့်လှစ်ကာ ပိုင်ရှင်မဲ့ခွေးများကို စတင်ဖမ်းဆီး  ဆေးရုံဝန်းအတွင်းမှာ ဆေးထိုးပေးနေတာဖြစ်ပါတယ်။

ကျောက်မဲတစ်မြို့လုံးက ပိုင်ရှင်မဲ့ခွေးများကို ဖမ်းဆီးဆေးထိုးပေးခြင်းကို စည်ပင်သာယာရေးဌာန၊ မြို့ခံလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~