ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို မဟာမိတ်များ ယ‌နေ့ထပ်သိမ်း

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို မဟာမိတ်များ ယ‌နေ့ထပ်သိမ်း
နိုဝင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို မဟာမိတ်တပ်များက ယနေ့ ၂၀၂၃ခုနှစ် ‌နိုဝင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

မဟာမိတ်တပ်ဖွဲ့များသည် စစ်ကောင်စီတပ်ဖွဲ့၏ တပ်ရင်း (၁၂၇)အမြောက်တပ်စခန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု The Kokangက ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးကြေညာသည့်‌နေ့မှ စတင်၍ အောက်တိုဘာလ (၃၁)ရက်နေ့အထိ မဟာမိတ်တပ်ဖွဲ့များသည် စစ်ကောင်စီတပ်စခန်း (၈၇)ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency