က်ိဳင္းတံုၿမိဳ႕နယ္ရိွ အဲန္လူမ်ိဳးမ်ား၏ ေက်းရြာ (၅) ရြာအတြက္ ေရပိုက္လုိင္းသြယ္တန္းႏုိင္ေရး ျဖည့္စြက္ရန္ပံုေငြျဖင့္ ေဆာင္ရြက္ေပးမည္

က်ိဳင္းတံုၿမိဳ႕နယ္ရိွ အဲန္လူမ်ိဳးမ်ား၏ ေက်းရြာ (၅) ရြာအတြက္ ေရပိုက္လုိင္းသြယ္တန္းႏုိင္ေရး ျဖည့္စြက္ရန္ပံုေငြျဖင့္ ေဆာင္ရြက္ေပးမည္
ဇွန် 4, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္ရိွ အဲန္လူမ်ိဳးမ်ားေနထိုင္ရာ ေတာင္ေပၚေက်းရြာမ်ားတြင္ ေရအခက္အခဲရိွေနရာ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ ျဖည့္စြက္ဘ႑ာေငြျဖင့္ ေက်းရြာ(၅)ရြာအတြက္ ပိုက္လံုး (၂၇၀၀)ႏွင့္ ေရဂါလံ (၁၅၀၀)ဆံ့ အုတ္ေရကန္တို႔ တည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

" သူကျဖည့္စြက္ဆိုေတာ့ ရန္ပံုေငြက နည္းနည္းေစာင့္ရမွာေပါ့။ ရြာသားေတြက ပိုက္ပဲလိုတာ။ ေရသြယ္တာ သူတို႔ဘာသူတို႔ သြယ္တတ္တယ္ဆိုေတာ့ ပိုက္ထုတ္ေပးလိုက္တာေပါ့။ ရြာသားေတြက ေရယူဖို႔ လက္ယက္ဆည္ေလးေတြ လုပ္ထားတယ္။ (၄) ေနရာေပါ့။ သိပ္မေကာင္းေတာ့ ျပန္လုပ္ေပးဖို႔ (၁၀) ရက္ေန႔လႊတ္ေတာ္မွာ တင္ျပဖို႔လုပ္ထားတယ္။ ပစၥည္းေတာင္းေပမဲ့ ဘတ္ဂ်က္ကအကန္႔အသတ္ရိွေတာ့ ေရလိုတဲ့ရြာက (၈၀) ေလာက္ရိွတယ္။ ဘ႑ာေငြရရိွတဲ့အေပၚမွာ ပစၥည္းကေပးတာဆိုေတာ့ ဘ႑ာေငြကနည္းေနေတာ့ အကန္႔အသတ္ရိွတာေပါ့။ ဒါေတြက သက္ဆိုင္ရာဝန္ႀကီးဌာနကိုေတာင္းရတာ။ သက္ဆိုင္ရာဝန္ႀကီးက လုပ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"ဟု က်ိဳင္းတံုၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၃)ရက္ေန႔တြင္ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း အဲန္လူမ်ိဳးမ်ားေနထုိင္ရာ ေတာင္ေပၚေက်းရြာမ်ားမွာ ေရရရိွရန္ခက္ခဲေနသျဖင့္ ရွမ္းျပည္နယ္လႊတ္ေတာ္မွ ေရးရာေကာ္မတီမ်ားက၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလတြင္ ကြင္းဆင္းခဲ့ၿပီး လႊတ္ေတာ္တြင္ တင္ျပခ်က္မ်ားအရ ေမလကုန္ပိုင္းတြင္ ေက်းရြာ (၅) ရြာအတြက္ ျဖည့္စြက္ဘ႑ာေငြျဖင့္ တည္ေဆာက္ေပးရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။

ျဖည့္စြက္ရန္ပံုေငြျဖင့္ ပံ့ပိုးေပးမည့္ (၂)လက္မပိုက္လုံုးမ်ားကို ပန္ေက်ာ့ေက်းရြာအတြက္ (၁၀၀၀)၊ နမ့္လင္းမိုင္ေက်းရြာအတြက္ (၁၀၀၀)၊ ဝမ္ေနာင္ေက်းရြာအတြက္ (၃၀၀)၊ ဝမ္ခါေက်းရြာအတြက္ (၂၀၀)၊ အဲန္ပန္ဟူက်းရြာအတြက္(၂၀၀) အသီးသီးခြဲေဝေပးမည္ျဖစ္ၿပီး နမ့္လင္းေကာင္ေက်းရြာအတြက္ ေရဂါလံ (၁၅၀၀) ဆံ့ အုတ္ကန္ (၁) လံုး တည္ေဆာက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

အဲန္လူမ်ိဳးမ်ားေနထိုင္ရာ ေရရွားပါးသည့္ေက်းရြာ (၈) ရြာအနက္မွ သြားလာေရးခက္ခဲသည့္ ပင္းေတာက္ေက်းရြာအုပ္စုအတြင္းရိွ ဝမ္ေနာင္၊ တင္ထပ္ႏွင့္ ဝမ္ခါမ္းေက်းရြာ (၃) ရြာတြင္ အလွဴရွင္အဖြဲ႕တစ္ဖြဲ႕က ၂၀၁၉ ခုႏွစ္ မတ္လ (၂၉) ရက္ေန႔က သြားေရာက္ၿပီး အရွည္ (၅) ေပ၊ အက်ယ္ (၄) ေပ၊ အျမင့္ (၄) ေပရိွ ေရကန္ (၇) ကန္တည္ေဆာက္ေပးခဲ့ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
[ဓါတ္ပံု -  စိမ္းလဲ့ေတာင္တန္းပရဟိတအဖြဲ႕က ၂၀၁၉ ခုႏွစ္ မတ္လအတြင္းက မွတ္တင္းတင္ထားသည့္ ဝမ္ခါမ္းေက်းရြာ]

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့နယ်ရှိ အဲန်လူမျိုးများ၏ ကျေးရွာ (၅) ရွာအတွက် ရေပိုက်လိုင်းသွယ်တန်းနိုင်ရေး  ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးမည်
*********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ အဲန်လူမျိုးများနေထိုင်ရာ တောင်ပေါ်ကျေးရွာများတွင် ရေအခက်အခဲရှိနေရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ဖြည့်စွက်ဘဏ္ဍာငွေဖြင့် ကျေးရွာ(၅)ရွာအတွက် ပိုက်လုံး (၂၇၀၀)နှင့် ရေဂါလံ (၁၅၀၀)ဆံ့ အုတ်ရေကန်တို့ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" သူကဖြည့်စွက်ဆိုတော့ ရန်ပုံငွေက နည်းနည်းစောင့်ရမှာပေါ့။ ရွာသားတွေက ပိုက်ပဲလိုတာ။ ရေသွယ်တာ သူတို့ဘာသူတို့ သွယ်တတ်တယ်ဆိုတော့ ပိုက်ထုတ်ပေးလိုက်တာပေါ့။ ရွာသားတွေက ရေယူဖို့ လက်ယက်ဆည်လေးတွေ လုပ်ထားတယ်။ (၄) နေရာပေါ့။ သိပ်မကောင်းတော့ ပြန်လုပ်ပေးဖို့ (၁၀) ရက်နေ့လွှတ်တော်မှာ တင်ပြဖို့လုပ်ထားတယ်။ ပစ္စည်းတောင်းပေမဲ့ ဘတ်ဂျက်ကအကန့်အသတ်ရှိတော့ ရေလိုတဲ့ရွာက (၈၀) လောက်ရှိတယ်။ ဘဏ္ဍာငွေရရှိတဲ့အပေါ်မှာ ပစ္စည်းကပေးတာဆိုတော့ ဘဏ္ဍာငွေကနည်းနေတော့ အကန့်အသတ်ရှိတာပေါ့။ ဒါတွေက သက်ဆိုင်ရာဝန်ကြီးဌာနကိုတောင်းရတာ။ သက်ဆိုင်ရာဝန်ကြီးက လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"ဟု ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့နယ်အတွင်း အဲန်လူမျိုးများနေထိုင်ရာ တောင်ပေါ်ကျေးရွာများမှာ ရေရရှိရန်ခက်ခဲနေသဖြင့် ရှမ်းပြည်နယ်လွှတ်တော်မှ ရေးရာကော်မတီများက၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကွင်းဆင်းခဲ့ပြီး လွှတ်တော်တွင် တင်ပြချက်များအရ မေလကုန်ပိုင်းတွင် ကျေးရွာ (၅) ရွာအတွက် ဖြည့်စွက်ဘဏ္ဍာငွေဖြင့် တည်ဆောက်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဖြည့်စွက်ရန်ပုံငွေဖြင့် ပံ့ပိုးပေးမည့် (၂)လက်မပိုက်လုုံးများကို ပန်ကျော့ကျေးရွာအတွက် (၁၀၀၀)၊ နမ့်လင်းမိုင်ကျေးရွာအတွက် (၁၀၀၀)၊ ဝမ်နောင်ကျေးရွာအတွက် (၃၀၀)၊ ဝမ်ခါကျေးရွာအတွက် (၂၀၀)၊ အဲန်ပန်ဟူကျးရွာအတွက်(၂၀၀) အသီးသီးခွဲဝေပေးမည်ဖြစ်ပြီး နမ့်လင်းကောင်ကျေးရွာအတွက် ရေဂါလံ (၁၅၀၀) ဆံ့ အုတ်ကန် (၁) လုံး တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဲန်လူမျိုးများနေထိုင်ရာ ရေရှားပါးသည့်ကျေးရွာ (၈) ရွာအနက်မှ သွားလာရေးခက်ခဲသည့် ပင်းတောက်ကျေးရွာအုပ်စုအတွင်းရှိ ဝမ်နောင်၊ တင်ထပ်နှင့် ဝမ်ခါမ်းကျေးရွာ (၃) ရွာတွင် အလှူရှင်အဖွဲ့တစ်ဖွဲ့က ၂၀၁၉ ခုနှစ် မတ်လ (၂၉) ရက်နေ့က သွားရောက်ပြီး အရှည် (၅) ပေ၊ အကျယ် (၄) ပေ၊ အမြင့် (၄) ပေရှိ ရေကန် (၇) ကန်တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
[ဓါတ်ပုံ -  စိမ်းလဲ့တောင်တန်းပရဟိတအဖွဲ့က ၂၀၁၉ ခုနှစ် မတ်လအတွင်းက မှတ်တင်းတင်ထားသည့် ဝမ်ခါမ်းကျေးရွာ]

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net