တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား(၂)မှ မြို့ပြင် မိုင်းကိုး မိုင်းဖုန်းအထိ လျှပ်စစ်မီး အချိန် (၁)နာရီဝန်းကျင် ပြတ်တောက်မည်

တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား(၂)မှ မြို့ပြင် မိုင်းကိုး မိုင်းဖုန်းအထိ လျှပ်စစ်မီး အချိန် (၁)နာရီဝန်းကျင် ပြတ်တောက်မည်
ဒီဇင်ဘာ 28, 2019
By Tachileik News Agency
တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးတံတား(၂)မှ မြို့ပြင် မိုင်းကိုး မိုင်းဖုန်းအထိ လျှပ်စစ်မီး အချိန် (၁)နာရီဝန်းကျင် ပြတ်တောက်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၂)တံတားဘက်တွင် မြို့ရှောင်လမ်းနှင့် မလွတ်သည့် လမ်းမီးတိုင်များ ရှင်းလင်းမည်ဖြစ်၍ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့ နံနက် (၁၀)နာရီမှ (၁၁)နာရီအထိ လျှပ်စစ်မီးခေတ္တ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

“မြို့ပတ်လမ်းနဲ့ မလွတ်တဲ့ လမ်းမီးတိုင်တွေ ရှင်းမှာဆိုတော့ ဘေးအန္တရာယ်ကင်းအောင် မီးလိုင်း ခဏပိတ်ပြီး လုပ်မှာပါ။ ပါဝါလိုင်းခဏ ပိတ်မှာဆိုတော့ အမှတ်(၂)တံတားကနေ ပေးနေတဲ့မီးလိုင်းတွေ အကုန်တော့ မီးခဏပြတ်သွားမှာ”

ဟု တာချီလိတ်မြို့မီးလင်းရေးရုံးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှတ်(၂)တံတားမှ လျှပ်စစ်မီးလိုင်းများ ယာယီဖြတ်တောက်မည်ဖြစ်၍ အာခါဈေးဘက်မှနေ၍ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်းကျေးရွာအုပ်စုများအထိ တစ်နာရီကြာ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~