ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၈)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၈)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
ဇွန် 17, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ဖမ္းဆီး အေရးယူၿပီးေနာက္  တာခ်ီလိတ္သို႔ ျပန္လည္ပို႔ေဆာင္ေနလ်က္ရွိရာ ၂၀၁၉ခုႏွစ္ ဇြန္လ(၁၇)ရက္ေန႔က စုစုေပါင္း (၈)ဦးအား မယ္ဆိုင္ဘက္က လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

အမ်ဳိးသား(၅)ဦး ႏွင့္ အမ်ဳိးသမီး(၃)ဦးအား လႊဲေျပာင္းလာရာ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္းက (၃)ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသအတြင္းက (၃)ဦး ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္းက (၂)ဦးအျပင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းက (၂)ဦး ပါ၀င္ရာတြင္ (၅)ဦးမွာ နယ္ေျမေက်ာ္သြားေရာက္ျခင္းေၾကာင့္ ဖမ္းဆီးခံရသူမ်ားျဖစ္ၿပီး (၃)ဦးမွာ တရားမ၀င္ သြားေရာက္ျခင္းတို႔ေၾကာင့္ ဖမ္းဆီးခံရသူမ်ားျဖစ္ေၾကာင္း သိရသည္။

၎တို႔အား  ထိုင္းႏိုင္ငံ မယ္ဆိုင္လ၀က မွ တာ၀န္ရွိသူမ်ားက လႊဲေျပာင္းေပးလာရာတြင္  ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း  သိရသည္။

ယခုလို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာမႈမ်ားအျဖစ္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၁၇)ရက္ေန႔အထိ အမ်ဳိးသား(၆၀၈)ဦး ႏွင့္ အမ်ဳိးသမီး (၂၈၄)ဦး အျပင္ ကေလးငယ္ (၃၂)ဦး စုစုေပါင္း (၉၂၄)ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ဖမ်းဆီး အရေးယူပြီးနောက် တာချီလိတ်သို့ ပြန်လည်ပို့ဆောင်နေလျက်ရှိရာ ၂၀၁၉ခုနှစ် ဇွန်လ(၁၇)ရက်နေ့က စုစုပေါင်း (၈)ဦးအား မယ်ဆိုင်ဘက်က လွှဲပြောင်းပေးလာကြောင်း သိရသည်။

အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၃)ဦးအား လွှဲပြောင်းလာရာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းက (၃)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းက (၃)ဦး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက (၂)ဦးအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက (၂)ဦး ပါဝင်ရာတွင် (၅)ဦးမှာ နယ်မြေကျော်သွားရောက်ခြင်းကြောင့် ဖမ်းဆီးခံရသူများဖြစ်ပြီး (၃)ဦးမှာ တရားမဝင် သွားရောက်ခြင်းတို့ကြောင့် ဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ထိုင်းနိုင်ငံ မယ်ဆိုင်လဝက မှ တာဝန်ရှိသူများက လွှဲပြောင်းပေးလာရာတွင် မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

ယခုလို တာချီလိတ်သို့ လွှဲပြောင်းပေးလာမှုများအဖြစ် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၁၇)ရက်နေ့အထိ အမျိုးသား(၆၀၈)ဦး နှသ့် အမျိုးသမီး (၂၈၄)ဦး အပြင် ကလေးငယ် (၃၂)ဦး စုစုပေါင်း (၉၂၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net