တာချီလိတ်ရှိ တံတား(၁)ကို မတ်လ(၂၃)ရက်နေ့ပိတ်မည်

တာချီလိတ်ရှိ တံတား(၁)ကို မတ်လ(၂၃)ရက်နေ့ပိတ်မည်
မတ် 22, 2020
By Tachileik News Agency
တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)ကို မတ်လ(၂၃)ရက်နေ့တွင် ပိတ်မည်ဖြစ်ပြီး မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲအထိ သွားလာနိုင်သေး

ထိုင်းနိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ မြင့်တက်နေတဲ့အတွက် မတ်လ(၂၁)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းအစိုးရက ချင်းရိုင်းခရိုင်ကို ညွှန်ကြားစာ အသစ်ထွက်လာတဲ့အတွက် တာချီလိတ် နဲ့ မယ်ဆိုင်အကြားမှာရှိတဲ့ ချစ်ကြည်ရေးတံတား(၁)ကို မတ်လ(၂၂)ရက်နေ့မှာ ထိုင်းဘက်က ပိတ်မှာ ဖြစ်ကြောင်း မြန်မာဘက်က သိရတဲ့အတွက်  ဒေသခံများအနေနဲ့ လုပ်စရာရှိတာတွေကို လုပ်ဆောင်နိုင်ရန် မြန်မာဘက်က တစ်ရက်ထပ်တိုးပြီး မတ်လ(၂၃)ရက်နေ့မှ ပိတ်ဖို့ ညှိနှိုင်းတဲ့အခါမှာ အဆင်ပြေသွားတဲ့အတွက် မတ်လ (၂၂)ရက်နေ့ ည(၈)နာရီခွဲ တံတားဖွင့်ချိန်အထိ နှစ်ဖက် ပြည်သူများအနေနဲ့ လုပ်စရာရှိတာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

တာချီလိတ်ရှိ ချစ်ကြည်ရေး အမှတ်(၁) တံတားကို ထိုင်းဘက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်မယ်ဆိုပေမဲ့ ပိတ်ချိန်ကတော့ ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်သေးတဲ့အတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက ၂၀၂၀ခုနှစ် မတ်လ(၂၁)ရက်နေ့ ညပိုင်းမှာ ကုန်စိမ်းနှုန်းနဲ့ ကုန်သွယ်ရေးကိစ္စရပ်များကို ည(၉)နာရီကျော်အထိ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးခဲ့ကြပါတယ်၊

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~