တာချီလိတ် - တာလေ လမ်းပေါ် ရန်ရှင်းတွင် သဲသယ်သည့် ကားတိမ်းမှောက်၍ လမ်းပိတ်နေ

တာချီလိတ် - တာလေ လမ်းပေါ် ရန်ရှင်းတွင် သဲသယ်သည့် ကားတိမ်းမှောက်၍ လမ်းပိတ်နေ
ဧပြီ 21, 2020
By Tachileik News Agency
တာချီလိတ် - တာလေ လမ်းပေါ် ရန်ရှင်းတွင် သဲသယ်သည့် ကားတိမ်းမှောက်၍ လမ်းပိတ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ရန်ရှင်း(၃)ကျေးရွာအပိုင်း တာချီလိတ် - တာလေ လမ်းပေါ်တွင် သဲသယ်ယာဉ်တစ်စီး လမ်းပေါ်တွင် ၂၀၂၀ခုနှစ် ဧပြီလ(၂၁)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်က တိမ်းမှောက်သွား၍ နံနက်(၉)နာရီခွဲအထိ လမ်းပိတ်နေကြောင်း သိရသည်။

"တာလေကနေ သဲသယ်ပြီးမှ လာတာ၊ လူကတော့ ဘာမှမဖြစ်ဘူး၊ အခုမှ ယာဉ်ထိန်းရောက်တယ်၊ တာလေကနေတော့ ကရိန်းခေါ်ထားပြီ"ဟု တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအသင်းမှ ဦးငြိမ်းသောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုဖြစ်စဉ်ကြောင့် လမ်းမှာ နံနက်(၉)နာရီခွဲအထိ လမ်းပိတ်မိနေဆဲဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - လောကပါလပရဟိတ လူမှုကူညီရေးအသင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~