မူဆယ်မြို့နယ် စယ်လန့်ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲ 

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲ 
နိုဝင်ဘာ 24, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက်(၁၂)ခွဲကျော်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင်(၅၀၀)ဗုံးတစ်လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စယ်လန့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်တစ်လုံး ပျက်စီးခဲ့ရပြီး အရပ်သားထိခိုက်မှု မရှိခဲ့ဟု သိရသည်။ 

ထို့အပြင် ည(၁၂)နာရီအချိန်တွင်လည်း နမ့်ခမ်းမြို့နယ် သာယာကုန်းရပ်ကွက်ကို စစ်ကောင်စီတပ်က လက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ (၂၇)ရက်နေ့မှ ယနေ့ နိုဝင်ဘာလ (၂၄)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြု ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၂၀၀)နီးပါး မီးလောင်ပျက်စီးခဲ့ရကြောင်း TNLA က သတင်းထုတ်ပြန်သည်။

#TachileikNewsAgency

Photo : PSLF/TNLA News