ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ ဓါးမြတိုက်မှုတွင် ကျပ်သိန်းပေါင်း (၁၀၀၀)ဝန်းကျင် ပါသွားဟုဆို

ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ ဓါးမြတိုက်မှုတွင် ကျပ်သိန်းပေါင်း (၁၀၀၀)ဝန်းကျင် ပါသွားဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကျောက်မဲမြို့ရှိ  ကမ္ဘောဇဘဏ်ခွဲ ဓါးမြတိုက်မှုတွင် ကျပ်သိန်းပေါင်း (၁၀၀၀)ဝန်းကျင် ပါသွားကြောင်း အာဏာသိမ်းစစ်ကောင်စီ စစ်တပ်၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

 ကျောက်မဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲတွင်  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့ မွန်းလွဲ (၂)နာရီဝန်းကျင်အချိန်က အမျိုးသား(၃)ဦးပါသည့် ကားတစ်စီးသည် ရပ်တန့်ပြီး ကားအတွင်း၌ (၁)ဦးမှာ စောင့်ဆိုင်းကျန်ရစ်ပြီး ကျန်(၂)ဦးမှာ ဘဏ်အတွင်းသို့ ဝင်သွားကြောင်းသိရသည်။

အမျိုးသား(၂)ဦးအနက် (၁)ဦးမှာ သေနတ်ကိုင်ဆောင်ထားပြီး ၎င်းတို့သည် ဘဏ်အတွင်းမှ ငွေကျပ်သိန်းပေါင်း (၁၀၀၀)ဝန်းကျင်ကို ယူဆောင်ထွက်ပြေးသွားခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

 ဘဏ်ဓါးမြတိုက်မှုဖြစ်ပွားပြီးနောက်  ကျောက်မဲမြို့တွင်း ရန်ကင်း ရပ်ကွက်၊ တိလင်၊ အုတ်ကျင်း၊ ဗဟိုစျေး အနီးနှင့် လမ်းဆုံ လမ်းခွများတွင် အတင်းအကြပ် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။