ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး
ဒီဇင်ဘာ 12, 2020
By Tachileik News Agency

 

ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် အသက် (၂၈)နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ကြိုးဆွဲချသေဆုံးနေသည်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၌ အိမ်နီးချင်းတစ်ဦးကတွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားထားကြောင်း သိရသည်။
အမှတ် (၈) ရပ်ကွက်ရှိ နေအိမ်ခန်းတွင် နေထိုင်သည့် ပန်းရံလုပ်ကိုင်သူတစ်ဦးက ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်တွင် နေအိမ်သို့ ထမင်းစားပြန်လာစဉ် မျက်နှာချင်းဆိုင်အခန်း၌ နေထိုင်သူမှာ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုနေအုပ် (ခ) အိုက်အွတ်သေဆုံးချိန်တွင် နေအိမ်၌ ဇနီးဖြစ်သူမရှိဘဲ ဒီဇင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းကတည်းက ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ထား၍ မိခင်ဖြစ်သူ၏နေအိမ်၌ သွားရောက်နေထိုင်နေခြင်းဖြစ်သည်ဟု သိရသည်။ 
အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က စစ်ဆေးပြီး သေဆုံးရခြင်းအကြောင်းရင်းကို ကျောက်မဲခရိုင်ဆေးရုံသို့ ပို့စစ်ထားကာ ကျောက်မဲမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် (၁၇/၂၀၂၀)ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~