တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်း အချိန်(၁)နာရီဝန်းကျင်အကြာ မီးလောင်မှုဖြစ်ပွား

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်း အချိန်(၁)နာရီဝန်းကျင်အကြာ မီးလောင်မှုဖြစ်ပွား
မေ 30, 2019
By Tachileik News Agency


မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်/မြို့နယ်မီးသတ်ဖွဲ့ဝင်များ နှင့် ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများ၊ ရပ်နီးရပ်ဝေးမှ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ၊ စည်ပင်သာယာရေးဌာနမှ ၀န်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ စုပေါင်းပြီး ငြှိမ်းသတ်ခဲ့ကြသည်။


Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ရတနာလမ်းရှိ ဈေးဆိုင်တိုက်ခန်းတွင် ၂၀၁၉ ခုနှစ်၊ မေလ (၃၀)ရက်နေ့ ည (၈)နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားပြီး ည(၉)နာရီကျော်အထိ ငြှိမ်းသတ်ခဲ့ရပြီးနောက် မီးစတင်လောင်ကျွမ်းသည့် မအေးအေးသင်း ကုန်စုံဆိုင်တိုက်ခန်း မီးလောင်ဆုံးရှုံးသွားသည်။

မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်/မြို့နယ်မီးသတ်ဖွဲ့ဝင်များ နှင့် ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများ၊ ရပ်နီးရပေ်ဝးမှ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ၊ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ စုပေါင်းပြီး ငြှိမ်းသတ်ခဲ့ကြသည်။

အဆိုပါ မီးလောင်မှုကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း နှင့် သက်ဆိုင်ရာက မီးလောင်ရခြင်းအကြောင်းအရင်း အပြင် ဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net