တာချီလိတ်မြို့နယ်အတွင်း ရေပြတ်လပ်မှုကြုံနေရသည့် ရပ်ကွက်နှင့်ကျေးရွာများသို့ ရေလှူဒါန်းနိုင်ရန်စီစဉ်

တာချီလိတ်မြို့နယ်အတွင်း ရေပြတ်လပ်မှုကြုံနေရသည့် ရပ်ကွက်နှင့်ကျေးရွာများသို့ ရေလှူဒါန်းနိုင်ရန်စီစဉ်
မေ 24, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁) ခုနှင့် ကျေးရွာအုပ်စု (၂) ခုတွင် အပူချိန် မြင့်မားမှုကြောင့် ရေတွင်းများခမ်းခြောက်ပြီး ရေအခက်အခဲဖြစ်ပေါ်နေသည့်အတွက် ဌာနဆိုင်ရာများနှင့် တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီတို့ ပူးပေါင်းပြီး ရေလှူဒါန်းနိုင်ရန်စီစဉ်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ဟွေခိုက်(၁)နယ်မြေ၊ ဝမ်လုံးကျေးရွာအုပ်စု လွယ်စတုံ (အောက်)ရွာ၊ ဖာတီမာကုန်းရွာ၊ ဟွေခိုက်ရွာ၊ ဖန်မင်ကျေးရွာအုပ်စု ဝမ်ကောင်းမွန်ကျေးရွာတို့တွင် ရေပြတ်လပ်မှုများ ကြုံတွေ့နေရသဖြင့် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဂါလံ (၃,၂၀၀) ဆံ့ ရေသယ်ယာဉ် (၂) စီး၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဂါလံ (၁,၆၀၀) ဆံ့ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် နေ့စဉ်ရေလှူဒါန်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


ရေလိုအပ်သည့်နေရာများသို့ တာချီလိတ်မြို့မီးသတ်တပ်ဖွဲ့နှင့် တာချီလိတ်မြို့စည်ပင်သာယာရေးကော်မတီပိုင် ရေသယ်ယာဉ်များဖြင့် ပေးပို့သွားမည်ဖြစ်ပြီး ကုန်ကျမည့်စက်သုံးဆီများအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီက တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကာ တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီမှ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေအခက်အခဲဖြစ်နေသည့် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ဟွေခိုက်သစ်နယ်မြေတွင် အိမ်ခြေ (၄၀)၊ ဝမ်လုံးကျေးရွာအုပ်စု လွယ်စတုံ (အောက်)ရွာတွင် အိမ်ခြေ (၁၅၀)၊ ဖာတီမာကုန်းရွာတွင် အိမ်ခြေ (၅၀)၊ ဟွေခိုက်ရွာတွင် အိမ်ခြေ (၆၂)နှင့် ဖန်မင်ကျေးရွာအုပ်စု ဝမ်ကောင်းမွန်ကျေးရွာတွင် အိမ်ခြေ (၂၀၀) ရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီမှ ရေရှားပါးသည့် နွေရာသီကာလအတွင်း သုံးစွဲရေအခက်အခဲ ကြုံတွေ့နေသော တာချီလိတ်မြို့နေပြည်သူများအား ရေပေးအပ်လှူဒါန်းခြင်း အစည်းအဝေးကို ၂၀၁၉ခုနှစ် မေလ(၂၃)ရက်နေ့က တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီ၏ ရုံးတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း တက်ရောက်ပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးကုမ္ပဏီမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

သတင်း  - ဟန်စိုးထိုက်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁) ခုနှင့် ကျေးရွာအုပ်စု (၂) ခုတွင် အပူချိန် မြင့်မားမှုကြောင့် ရေတွင်းများခမ်းခြောက်ပြီး ရေအခက်အခဲဖြစ်ပေါ်နေသည့်အတွက် ဌာနဆိုင်ရာများနှင့် အလှူရှင်များပူးပေါင်းပြီး ရေလှူဒါန်းနိုင်ရန်စီစဉ်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ ဟွေခိုက်(၁)နယ်မြေ၊ ဝမ်လုံးကျေးရွာအုပ်စု လွယ်စတုံ (အောက်)ရွာ၊ ဖာတီမာကုန်းရွာ၊ ဟွေခိုက်ရွာ၊ ဖန်မင်ကျေးရွာအုပ်စု ဝမ်ကောင်းမွန်ကျေးရွာတို့တွင် ရပြေတ်လပ်မှုများ ကြုံတွေ့နေရသဖြင့် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဂါလံ (၃,၂၀၀) ဆံ့ ရေသယ်ယာဉ် (၂) စီး၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဂါလံ (၁,၆၀၀) ဆံ့ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် နေ့စဉ်ရေလှူဒါန်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

"နွေရာသီရောက်လာရင် ရေရှားပါးမှုက စိန်ခေါ်မှုတစ်ခုပေါ့။ ရေအခက်အခဲဖြစ်နေတဲ့ရွာတွေမှာ ယာယီကန်လေးတွေ လုပ်ခိုင်းထားတယ်။ စည်ပင်နဲ့ မီးသတ်က ကားတွေနဲ့ သွားထည့်ပေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ လိုအပ်တဲ့အိမ်တွေက လာယူပေါ့။ ဒီစနစ်နဲ့ စီစဉ်ထားပါတယ်"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေလိုအပ်သည့်နေရာများသို့ တာချီလိတ်မြို့မီးသတ်တပ်ဖွဲ့နှင့် တာချီလိတ်မြို့စည်ပင်သာယာရေးကော်မတီပိုင် ရေသယ်ယာဉ်များဖြင့် ပေးပို့သွားမည်ဖြစ်ပြီး ကုန်ကျမည့်စက်သုံးဆီများအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီက တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကာ တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးကုမ္ပဏီမှ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးကုမ္ပဏီမှ ရေရှားပါးသည့် နွေရာသီကာလအတွင်း သုံးစွဲရေအခက်အခဲ ကြုံတွေ့နေသော တာချီလိတ်မြို့နပြေည်သူများအား ရေပေးအပ်လှူဒါန်းခြင်း အစည်းအေဝးကို ၂၀၁၉ခုနှစ် မေလ(၂၃)ရက်နေ့က တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးကုမ္ပဏီ၏ ရုံးတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း တက်ရောက်ပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာချီလိတ်(ရှမ်းအရှေ့)ရေပေးေဝရေးကုမ္ပဏီမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net