တာချီလိတ် - မယ်ဆိုင်နယ်စပ်တစ်လျှောက် မီးခိုးမြူကင်းစင်ရေးနှင့် တောမီးရှို့မှုများ အလွယ်တကူ ကူးစက်မှု မရှိစေရေးအတွက် မြန်မာ - ထိုင်း ပူးပေါင်း ဆောင်ရွက်

တာချီလိတ် - မယ်ဆိုင်နယ်စပ်တစ်လျှောက် မီးခိုးမြူကင်းစင်ရေးနှင့် တောမီးရှို့မှုများ အလွယ်တကူ ကူးစက်မှု မရှိစေရေးအတွက် မြန်မာ - ထိုင်း ပူးပေါင်း ဆောင်ရွက်
ဇန်နဝါရီ 24, 2020
By Tachileik News Agency

တာချီလိတ် - မယ်ဆိုင်နယ်စပ်တစ်လျှောက်  မီးခိုးမြူကင်းစင်ရေးနှင့် တောမီးရှို့မှုများ အလွယ်တကူ ကူးစက်မှု မရှိစေရေးအတွက်  မြန်မာ - ထိုင်း ပူးပေါင်း ဆောင်ရွက်

မြန်မာနိုင်ငံ တာချီလိတ်နှင့် ထိုင်းနိုင်ငံမယ်ဆိုင်ကြား နယ်စပ်တစ်လျှောက်တွင် မီးခိုးမြူကင်းစင်ရေးနှင့် တောမီးရှို့မှုများ အလွယ်တကူ ကူးစက်မှု မရှိစေရေးအတွက် မြန်မာ - ထိုင်း နှစ်နိုင်ငံပူးပေါင်းကာ မီးတားလမ်းဖော်ရန်  သတ်မှတ်နေရာများတွင်  ပူးပေါင်းဆောင်ရွက်မှုအဖြစ် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါခါကျေးရွာမျက်နှာချင်းဆိုင်ရှိ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြသည်။

"နှစ်နိုင်ငံ မီးခိုးငွေ့ကင်းစင်ရေးအတွက် အလွတ်သဘော တွေ့ဆုံတာပေါ့။ မလိုအပ်ဘဲ တောမီးတွေ မရှို့ဖို့၊ ရှို့ရင်လည်း အကွက်ခြားပြီးရှိုဖို့တို့ ဒီလိုကိစ္စတွေ ဆွေးနွေးဖြစ်တာပေါ့။ ကျွန်တော်တို့ ဘက်မှာတော့ တောမီးနဲ့ပတ်သတ်ပြီး ခရိုင်မှာလည်း ကြီးကြပ်မှုကော်မတီဖွဲ့ပြီးတော့ ဆောင်ရွက်နေတာပေါ့။ မြို့နယ်မှာလည်း ဖွဲ့တယ်။ ကွင်းဆင်းပြီး ဟောပြောပွဲတွေ လုပ်နေတာပေါ့။ တိုင်းရင်းသားတွေကတော့ တောင်ယာမီးရှို့ကြမှာပဲ။ ရှို့ရင်လည်း အပိုင်းလိုက် ရှို့ဖို့ပေါ့။ အလှည့်ကျလေးရှို့ဖို့ စည်းရုံးမှုတွေ လုပ်နေတာပေါ့"ဟု တာချီလိတ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးတားလမ်းအတွက် သတ်မှတ်နေရာ ရှင်းလင်းခြင်းအား မြန်မာ - ထိုင်း နှစ်ဖက် နယ်ခြားကော်မတီ (TBC) အပါအဝင် မြန်မာနိုင်ငံဘက်က တာချီလိတ်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်   အပါအဝင် သက်ဆိုင်ရာ ဌာနများ၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဒီး၊ နာကျဲ၊ ဗာလ၊ ပါခါး စသည့် ကျေးရွာများမှ ဒေသခံများက ထိုင်းနိုင်ငံမှ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများ၊ သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက် ကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် တောမီးရှို့သည့် ရာသီများ၌ မီးခိုးမြူ ဖုံးလွှမ်းခြင်းများ ဖြစ်ပေါ်လေ့ရှိသည့် အတွက် တာချီလိတ် - မယ်ဆိုင်တို့မှ တာဝန်ရှိသူများက အသိပညာပေးမှုများ အသီးသီး ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကိုခမ်းမိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~