တာချီလိတ်တွင် တီဘီရောဂါစစ်ဆေးလိုသူများ ၀မ်ကောင်းရပ်ကွက်အတွင်းရှိ ကချင်ကျမ်းစာကျောင်းတွင် မေလ(၃၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ အခမဲ့ စစ်ဆေးနိုင်

တာချီလိတ်တွင် တီဘီရောဂါစစ်ဆေးလိုသူများ ၀မ်ကောင်းရပ်ကွက်အတွင်းရှိ ကချင်ကျမ်းစာကျောင်းတွင် မေလ(၃၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ အခမဲ့ စစ်ဆေးနိုင်
မေ 29, 2019
By Tachileik News Agency



ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရွေ့လျားဓါတ်မှန်စက်ဖြင့် တီဘီလူနာကွင်းဆင်းရှာဖွေခြင်းကို ပြည်နယ်တီဘီတိုက်ဖျက်ရေးဌာန GF အထောက်အပံ့ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

တီဘီလူနာကွင်းဆင်းစစ်ဆေးရှာဖွေခြင်းကို မေလ (၂၈)ရက်နေ့က ဆန်ဆိုင်း (ခ)အတွင်းရှိ ဝမ်မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ပြီး မေလ (၂၉)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်ရုံး၌ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ကာ တီဘီရောဂါဖြစ်ပွားသူများ၏ (၇၃) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း၂၀၁၇ - ၂၀၁၈ နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်းအရ သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ တီဘီရောဂါစစ်ဆေးလိုသူများ ၂၀၁၉ ခုနှစ်၊ မေလ (၃၀)ရက်နေ့နှင့် (၃၁)ရက်နေ့များတွင် ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာရှိ ကချင်ကျမ်းစာကျောင်း၌ နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ မည်သူမဆို အခမဲ့လာရောက်စစ်ဆေးမှုခံယူနိုင်ကြောင်း သိရသည်။

"ရပ်ကွက်ရုံးမှာ မလုပ်တော့ဘူး၊ ကချင်ရွာရယ်၊ အားခေရွာရယ်၊ မြန်မာရွာရယ် ပေါင်းလိုက်ရင် အိမ်ခြေ(၅၀၀)လောက်ရှိတယ်ဆိုတော့ အားလုံးနဲ့ နီးတဲ့ ကချင်ရွာလည်က ကချင်ကျမ်းစာကျောင်းမှာ လုပ်မှာ ဘယ်ရပ်ကွက်ကသူပဲ ဖြစ်ဖြစ် လာရောက်စမ်းသပ်လို့ရပါတယ်၊"ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီလူနာကွင်းဆင်းရှာဖွခြေင်းကို ပြည်နယ်တီဘီတိုက်ဖျက်ရေးဌာန GF အထောက်အပံ့ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

တီဘီလူနာကွင်းဆင်းစစ်ဆေးရှာဖွခြေင်းကို မေလ (၂၈)ရက်နေ့က ဆန်ဆိုင်း (ခ)အတွင်းရှိ ဝမ်မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ပြီး မေလ (၂၉)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်ရုံး၌ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ရပ်ကွက်နေသူများ၊ ရွှေ့ပြောင်းလုပ်သားများအပါအဝင် မည်သူမဆို အခမဲ့လာရောက်စစ်ဆေးနိုင်ပြီး တီဘီပိုးစစ်ဆေးတွေ့ရှိပါက တီဘီလူနာအတွက်ဆေးများကို အခမဲ့ပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမာ္ဘ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ကာ တီဘီရောဂါဖြစ်ပွားသူများ၏ (၇၃) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း၂၀၁၇ - ၂၀၁၈ နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်းအရ သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net