တာချီလိတ်မြို့ ရန်အောင်မြေစာသင်ကျောင်းအတွင်း ပေါက်ကွဲမှုဖြစ်၍ မြို့တွင်းနေရာများတွင် ပိတ်ဆို့စစ်ဆေး

တာချီလိတ်မြို့ ရန်အောင်မြေစာသင်ကျောင်းအတွင်း ပေါက်ကွဲမှုဖြစ်၍ မြို့တွင်းနေရာများတွင် ပိတ်ဆို့စစ်ဆေး
ဇွန် 2, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်(ပါလျှံ-၁)ရှိ အလက(ရန်အောင်မြေ)ကျောင်းတွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၂)ရက်နေ့  ည(၈)နာရီခွဲဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အထက(တာချီလိတ်)ကျောင်းရှေ့ နှင့် ရန်အောင်မြေစာသင်ကျောင်းရှေ့ အပါအဝင် အချို့နေရာတို့တွင် ပူးပေါင်းအဖွဲ့ဖြင့် ညတွင်းချင်း စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် အလက(ရန်အောင်မြေ)ကျောင်းတွင် အိမ်စီးကားများ အချုပ်ကားများဖြင့် ရောက်လာကြပြီး ကျောင်းရှေ့လမ်းတွင် စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

အလားတူ အထက(တာချီလိတ်)ကျောင်းရှေ့တွင်   (၁၅)ဦးဝန်းကျင်ရှိသည့် ရဲအပါအဝင် ပူးပေါင်းအဖွဲ့က ည(၁၀)နာရီအထိ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လူစုခွဲသွားကြောင်း သိရသည်။

အထက(တာချီလိတ်)ကျောင်းရှေ့တွင် စစ်ဆေးမှုများ ရုတ်သိမ်းလိုက်သော်လည်း၊ ကျောင်းအတွင်း၌ လုံခြုံရေးချထားသည့် ပြည်သူ့စစ်နှင့်အဖွဲ့တို့က ဆက်လက်ရှိနေမည်ဖြစ်ပြီး ရဲကားများ နှင့် အိမ်စီးကားများဖြင့်လည်း မြို့တွင်း ရပ်ကွက်များသို့ ဆက်လက် လှည့်လည်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။

#TachileikNewsAgency