U 14 အောက် လက်ရွေးစင် ဘောလုံးအသင်း ဖွဲ့စည်းနိုင်ရေး ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ အစီအစဉ်

U 14 အောက် လက်ရွေးစင် ဘောလုံးအသင်း ဖွဲ့စည်းနိုင်ရေး ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ အစီအစဉ်
ဇူလိုင် 27, 2020
By Tachileik News Agency

 U 14 အောက် လက်ရွေးစင် ဘောလုံးအသင်း ဖွဲ့စည်းနိုင်ရေး ရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ အစီအစဉ်

မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံနိုင်မယ့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသက် (၁၄) နှစ်အောက်အမျိုးသား လက်ရွေးစင်အသင်းဖွဲ့စည်းဖို့အတွက် လူရွေးချယ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပြီး ရွေးချယ်ခံရသူတွေ အတွက် ပညာသင်ကြားရေးတွေပါ စီစဉ်ပေးထားကြောင်း တာချီလိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်မြင့်က ပြောပါတယ်။

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသက် (၁၄) နှစ်အောက် ဘောလုံးအသင်း ဖွဲ့စည်းနိုင်ဖို့အတွက် ဘောလုံးအဖွဲ့ချုပ်တွေရှိတဲ့ ကျိုင်းတုံမြို့နယ်၊ မိုင်းဆက်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နဲ့ တာချီလိတ်မြို့နယ်တွေက ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းရဲ့  အစည်းအဝေးခန်းမမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~