ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက COVID 19 လူနာများနေသည့် စစ်တွေဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခွင့် မိမိဆန္ဒဖြင့် လျှောက်ထား

ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက COVID 19 လူနာများနေသည့် စစ်တွေဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခွင့် မိမိဆန္ဒဖြင့် လျှောက်ထား
သြဂုတ် 22, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက COVID 19 လူနာများနေသည့် စစ်တွေဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခွင့် မိမိဆန္ဒဖြင့် လျှောက်ထား
ပြည်တွင်းကူးစက်မှုပုံစံဖြင့် COVID 19 အတည်ပြုလူနာ (၄၅)ဦးအထိ တိုးလာသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ရန်  မိမိဆန္ဒသဘောဖြင့် လျှောက်ထားသည့် ရှမ်းပြည်နယ် ၊ ပြည်နယ်ကုသရေးဦးစီးဌာန၊  ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူးကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့မှစ၍  ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ပေးလိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်လ (၁၆)ရက်နေ့မှစ၍ ပြည်တွင်းကူးစက်မှုပုံစံဖြင့် COVID 19 အတည်ပြုလူနာ စတင်တွေ့ရပြီးနောက် သြဂုတ်လ (၂၂)ရက်နေ့ နံနက်ပိုင်းအထိ စုစုပေါင်း (၄၅)ဦးအထိ တိုးလာခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်းမှ COVID 19 အတည်ပြုလူနာများကို စစ်တွေပြည်သူ့ဆေးရုံကြီး၌ ကုသပေးနေရာ COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  ပါဝင်ဆောင်ရွက်နိုင်ရန် ဆန္ဒပြုလျှောက်ထားလာသည့် ဆရာဝန်များရှိနေပြီး အလားတူဆန္ဒပြုလျှောက်ထားလာသည့် ရှမ်းပြည်နယ်၊ ပြည်နယ်ကုသရေးဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ထွန်းအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့မှစ၍ တွဲဖက် တာဝန်ချထားကာ အဆိုပါဆေးရုံကြီး၏ ဒုတိယဆေးရုံအုပ်ကြီး တာဝန်များကိုပါ ထမ်းဆောင်စေရန် တာဝန်ပေးထားကြောင်း သိရသည်။
 
ပြည်နယ်ကုသရေးဦးစီးဌာန ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်မြင့်ထွန်းသည်  ဧပြီလအတွင်းကလည်း တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် ဆေးရုံဝန်ထမ်းများ COVID 19 အတည်ပြုလူနာနှင့်ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ်ထားစဉ်ကာလအတွင်း တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ယာယီပြောင်းရွှေ့ပြီး COVID 19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကို ကြီးကြပ်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
 Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~