တွေ့ရင်အကြောင်းကြားပေးပါ တာလေမြို့မှ လူပျောက်ကြော်ငြာ

တွေ့ရင်အကြောင်းကြားပေးပါ တာလေမြို့မှ လူပျောက်ကြော်ငြာ
ဇန်နဝါရီ 18, 2021 | လူမှုရေး| ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလေမြို့ ရပ်ကွက် (၄)တွင် နေထိုင်သည့် ဒေါ်စိမ်းလဲ့မာ (ခ) မစုမာ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ၁၄/မမက (နိုင်) ၁၆၉၇၆၉ ကိုင်ဆောင်သူသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့က နေအိမ်မှ ထွက်သွားပြီးနောက် ယနေ့အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသည့်အပြင် မိသားစုနှင့် အဆက်အသွယ်မရပါသဖြင့် မိသားစုဝင်များမှ စိုးရိမ်ပူပန်နေသည့်အတွက် ၎င်းအား တွေ့ရှိသူများအနေဖြင့် မိသားစုထံ အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဒေါ်စိမ်းလဲ့မာ (ခ) မစုမာအား တွေ့ရှိပါက မိသားစုဝင်များဖြစ်သည့် ဦးထွန်းနိုင် ဖုန်း 09 254305240 ၊ ဦးစိုးသူရ ဖုန်း 09 253311023 တို့သို့ ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

[လူပျောက်ကြော်ငြာကို တာချီလိတ်သတင်းအေဂျင်စီက အခမဲ့ ဖော်ပြပေးခြင်း ဖြစ်ပါသည်]

Tachileik News Agency