တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ဆေးရုံမှ ဆင်း၍ ဆေးရုံဆင်းသူ စုစုပေါင်း (၁၂)ဦးအထိ ရှိလာ

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ဆေးရုံမှ ဆင်း၍ ဆေးရုံဆင်းသူ စုစုပေါင်း (၁၂)ဦးအထိ ရှိလာ
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ဆေးရုံမှ ဆင်း၍ ဆေးရုံဆင်းသူ စုစုပေါင်း (၁၂)ဦးအထိ ရှိလာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ COVID 19 ကုသရေးဆောင်တွင် ထားရှိသည့် အတည်ပြုလူနာများအနက်မှ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁)ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ ဆေးရုံဆင်းသူ စုစုပေါင်း (၁၂)ဦးအထိ ရှိလာပြီဖြစ်သည်။
အဆိုပါ အတည်ပြုလူနာများသည် ကုသဆောင်များ၌ သီးသန့် (၁၁)ရက် နေထိုင်စဉ်ကာလအတွင်း အခြားရောဂါဖြစ်ပွားမှု မရှိသဖြင့် ဆေးရုံဆင်းပြီး နေအိမ်၌ နောက်ထပ် (၇) ရက် အသွားအလာကန့်သတ်နေထိုင်ကြရမည်ဖြစ်သည်။
ဆေးရုံဆင်းလူနာများမှတစ်ဆင့် အခြားသူများထံသို့ ကူးစက်မှု မရှိတော့သော်လည်း အခြားသူများထံမှ ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရနိုင်ချေရှိ၍ အခြားသူများကဲ့သို့ ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း နေထိုင်ကြရမည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၇) ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာ (၇၄)ဦးအထိ ရှိရာတွင် ယနေ့ ဆေးရုံဆင်းသည့် (၃)ဦးအပါအဝင် ဆေးရုံဆင်းခွင့်ရရှိသွားသူ စုစုပေါင်း (၁၂)ဦးအထိရှိနေပြီဖြစ်၍ လက်ရှိတွင် (၆၂)ဦး ကျန်ရှိနေပြီး ယနေ့ ဒီဇင်ဘာလ(၈)ရက်နေ့ နေ့လည်ပိုင်းတွင် လတ်တလော တိုးလာသည့် (၇)ဦး အပါအဝင်ဆိုလျှင် (၆၉)ဦးရှိနေမည် ဖြစ်သည်။ 
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုကို စတင်တွေ့ခဲ့ပြီးနောက် အတည်ပြုလူနာများနှင့် ထိတွေ့သူများအား ရှာဖွေစစ်ဆေးမှုများ နေ့စဉ်လုပ်ဆောင်လာရာ ဒေသတွင်းကူးစက်မှုအဖြစ် အတည်ပြုလူနာထပ်တိုးလာနေသည့်အပြင် တာချီလိတ်ခရိုင်အတွင်းထဲက မြို့နယ်များဖြစ်သည့် မိုင်းဖြတ် နှင့် မိုင်းယောင်းမြို့တို့တွင်လည်း တာချီလိတ်ပြန်မှတစ်ဆင့် ဒေသတွင်းကူးစက်မှုအဖြစ် အတည်ပြုလူနာ(၁၀)ဦးအထိ တွေ့ရှိထားခြင်းဖြစ်သည်။
 Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~