တာခ်ီလိတ္မွ က်ဳိင္းတံုသို႔ မူးယစ္ေဆး၀ါး ပို႔ေဆာင္ေပးသူအား ဖမ္းဆီးရမိၿပီးေနာက္ ကြင္းဆက္(၂)ဦးကိုပါ တာခ်ီလိတ္တြင္ ထပ္မံ ဖမ္းဆီးရမိ

တာခ်ီလိတ္မွ က်ဳိင္းတံုသို႔ မူးယစ္ေဆး၀ါး ပို႔ေဆာင္ေပးသူအား ဖမ္းဆီးရမိၿပီးေနာက္ ကြင္းဆက္(၂)ဦးကိုပါ တာခ်ီလိတ္တြင္ ထပ္မံ ဖမ္းဆီးရမိ
မေ 19, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕၊ ေနာင္ႏြန္းစစ္ေဆးေရးဂိတ္တြင္ တာခ်ီလိတ္မွ  ကတ္တမင္းမူးယစ္ေဆး (၈၇.၃)ကီလိုဂရမ္ကို ေမာ္ေတာ္ယာဥ္ျဖင့္ သယ္လာသူအား ဖမ္းမိၿပီး တာခ်ီလိတ္ရိွ ပို႔ေဆာင္ခုိင္းသူ (၂)ဦး ကိုပါ ဖမ္းမိထားေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔(ဗဟို)က သတင္းထုတ္ျပန္ထားရွိသည္။

မူးယစ္တပ္ဖြြဲ႕စု(၂၈)က်ဳိင္းတံုမွ တပ္ဖြဲ႔၀င္မ်ား၊ တပ္နယ္မွ တာ၀န္ရွိသူမ်ား၊ ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာမ်ားပါ၀င္္သည့္ ပူးေပါင္းအဖြဲ႔က  ၂၀၁၉ ခုႏွစ္၊ ေမလ (၁၈)ရက္ေန႔ နံနက္ (၁၀)နာရီ (၄၀)မိနစ္အခ်ိန္တြင္ ေနာင္ႏြန္းစစ္ေဆးေရးစခန္း၌   ဝင္းျမင့္ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား စစ္ေဆးရာ မူးယစ္ေဆး၊ လက္ကိုင္ဖုန္း (၄) လံုးႏွင့္ ျမန္မာေငြ (၇) သိန္းေက်ာ္တို႔အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္၏ ေနာက္ခန္း ကားဝမ္းဗိုက္တြင္ ကတ္တမင္း မူးယစ္ေဆး (၉၀၀)ဂရမ္ခန္႔စီပါသည့္ အထုပ္ေပါင္း (၇၀)၊ ကားေနာက္ခန္း ေဘးဘက္နံရံမ်ားတြင္ ဝွက္၍သယ္လာသည့္ ကတ္တမင္း (၉၀၀)ဂရမ္ခန္႔စီပါသည့္ အထုပ္ေပါင္း (၂၂)ထုပ္၊ ကားေနာက္ခန္းတံခါးၾကားတြင္ ဝွက္၍ သယ္လာသည့္ ကတ္တမင္း (၉၀၀)ဂရမ္ခန္႔စီပါသည့္ အထုပ္ေပါင္း (၅)ထုပ္ စုစုေပါင္း အထုပ္ေပါင္း (၉၇)ထုပ္ရွိရာ  စုစုေပါင္းအေလးခ်ိန္  (၈၇.၃)ကီလိုဂရမ္ကို ဝွက္၍ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးမ်ားကို ပို႔ေဆာင္ခုိင္းသည္ဟု သတင္းရသည့္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဝမ္မိုင္ရြာေန ဥကၠာထြန္း(ခ)ဥကၠာႏွင့္ ဆန္ဆိုင္း(ခ)ရပ္ကြက္ေန ေက်ာ္ထြန္း(ခ)ငို႔ေအာင္တို႔အား ေန႔လယ္ (၁၂)နာရီ (၄၅)မိနစ္တြင္ ၎တို႔၏ ေနအိမ္အသီးသီးသို႔ ဝင္ေရာက္ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ား ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ မူးယစ္ေဆးသယ္လာသည့္ အသက္ (၆၀)အရြယ္ ဝင္းျမင့္ႏွင့္  ပို႔ေဆာင္ခုိင္းသည္ဟု သတင္းရသည့္ အသက္ (၃၈)ႏွစ္အရြယ္ ဥကၠာထြန္း (ခ) ဥကၠာႏွင့္ အသက္ (၂၉)ႏွစ္အရြယ္ ေက်ာ္ထြန္း(ခ)ငို႔ေအာင္တို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၂၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CCDAC



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ နောင်နွန်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ်မှ ကတ်တမင်းမူးယစ်ဆေး (၈၇.၃)ကီလိုဂရမ်ကို မော်တော်ယာဉ်ဖြင့် သယ်လာသူအား ဖမ်းမိပြီး တာချီလိတ်ရှိ ပို့ဆောင်ခိုင်းသူ (၂)ဦး ကိုပါ ဖမ်းမိထားကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(ဗဟို)က သတင်းထုတ်ပြန်ထားရှိသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့ နံနက် (၁၀)နာရီ (၄၀)မိနစ်အချိန်တွင် နောင်နွန်းစစ်ဆေးရေးစခန်း၌ ဝင်းမြင့် မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာ မူးယစ်ဆေး၊ လက်ကိုင်ဖုန်း (၄) လုံးနှင့် မြန်မာငွေ (၇) သိန်းကျော်တို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်၏ နောက်ခန်း ကားဝမ်းဗိုက်တွင် ကတ်တမင်း မူးယစ်ဆေး (၉၀၀)ဂရမ်ခန့်စီပါသည့် အထုပ်ပေါင်း (၇၀)၊ ကားနောက်ခန်း ဘေးဘက်နံရံများတွင် ဝှက်၍သယ်လာသည့် ကတ်တမင်း (၉၀၀)ဂရမ်ခန့်စီပါသည့် အထုပ်ပေါင်း (၂၂)ထုပ်၊ ကားနောက်ခန်းတံခါးကြားတွင် ဝှက်၍ သယ်လာသည့် ကတ်တမင်း (၉၀၀)ဂရမ်ခန့်စီပါသည့် အထုပ်ပေါင်း (၅)ထုပ် စုစုပေါင်း အထုပ်ပေါင်း (၉၇)ထုပ်ရှိရာ စုစုပေါင်းအလေးချိန် (၈၇.၃)ကီလိုဂရမ်ကို ဝှက်၍ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများကို ပို့ဆောင်ခိုင်းသည်ဟု သတင်းရသည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာနေ ဥက္ကာထွန်း(ခ)ဥက္ကာနှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ကျော်ထွန်း(ခ)ငို့အောင်တို့အား နေ့လယ် (၁၂)နာရီ (၄၅)မိနစ်တွင်၎င်းတို့၏ နေအိမ်အသီးသီးသို့ ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မူးယစ်ဆေးသယ်လာသည့် အသက် (၆၀)အရွယ် ဝင်းမြင့်နှင့် ပို့ဆောင်ခိုင်းသည်ဟု သတင်းရသည့် အသက် (၃၈)နှစ်အရွယ် ဥက္ကာထွန်း (ခ) ဥက္ကာနှင့် အသက် (၂၉)နှစ်အရွယ် ကျော်ထွန်း(ခ)ငို့အောင်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၂၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CCDAC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net