တာခ်ီလိတ္ၿမိဳ႕ ပါလွ်ံမီးပြိဳင့္လမ္းဆံု၀န္းက်င္အား ယာဥ္ေၾကာက်ပ္တည္းမႈ ေျဖေလ်ာ့ရန္အတြက္ လမ္းခ်ဲ႕မႈစတင္

တာခ်ီလိတ္ၿမိဳ႕ ပါလွ်ံမီးပြိဳင့္လမ္းဆံု၀န္းက်င္အား ယာဥ္ေၾကာက်ပ္တည္းမႈ ေျဖေလ်ာ့ရန္အတြက္ လမ္းခ်ဲ႕မႈစတင္
မေ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္အပိုင္း ပါလွ်ံမီးပြိဳင့္လမ္းဆံု၀န္းက်င္တြင္  ယာဥ္ေၾကာက်ပ္တည္းမႈ ေျဖေလ်ာ့ရန္ လမ္းခ်ဲ႕ထြင္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေနရာ မိေက်ာင္းဝပ္ေရွာ့မွ BT ဆီပန္႔မီးပိြဳင့္အထိ လမ္းပိုင္းကို ႏွစ္ဖက္(၆၅) ေပအက်ယ္လမ္းအျဖစ္ တိုးခ်ဲ႕ျခင္းအား ၂၀၁၉ခုႏွစ္ ေမလပထမပတ္ အတြင္းက စ၍ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"လက္ရိွေဆာင္ရြက္ေနတဲ့အပိုင္းကေတာ့ မိေက်ာင္းဝပ္ေရွာ့ကေန မီးပြိဳင့္ထိပ္နားထိ (၃၉၇) ေပေပါ့။ အုတ္စီေရေျမာင္းပါမယ္၊ ကြန္ကရစ္ခင္းတာပါမယ္၊ ကပ္တံုးေတြပါမယ္၊ မိုးမက်မီအၿပီးေဆာင္ရြက္သြားမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕စည္ပင္သာယာေရးဌာနမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

လက္ရိွတြင္ လမ္း၏ဘယ္ဘက္အျခမ္း အရွည္(၃၉၇) ေပကို လမ္းသားအက်ယ္ အနည္းဆံုး (ဂ) ေပမွ အမ်ားဆံုး (၁၄) ေပအထိ ထပ္မံတိုးခ်ဲ႕ရန္ေဆာင္ရြက္ေနၿပီး လမ္း၏ညာဘက္ျခမ္းတြင္လည္း လမ္းသားအက်ယ္ (၁၀) ေပ ထပ္မံတိုးခ်ဲ႕ရန္စီစဥ္ထားေၾကာင္း သိရသည္။

လမ္းဧရိယာအျပည့္ လမ္းသားခင္းျခင္းႏွင့္အတူ ေျမထိန္းနံရံတည္ေဆာက္ျခင္း၊ ကြန္ကရစ္ခင္းျခင္းႏွင့္ အုတ္စီေရေျမာင္းေဖာက္လုပ္ျခင္းတို႔ ထပ္မံေဆာင္ရြက္သြားမည္ျဖစ္ၿပီး ၿပီးစီးသြားပါက လမ္းသားအက်ယ္(၆၅) ေပရိွသြားမည္ျဖစ္ကာ လမ္း၏ညာဘက္ျခမ္းတြင္ တရုတ္ဘံုေက်ာင္းဘက္အေကြ႕လမ္းေၾကာကို Free ေၾကာ တစ္ေၾကာႏွင့္ လမ္း၏ဘယ္ဘက္ျခမ္းတြင္ ၿမိဳ႕တြင္းအ၀င္ပိုင္းတြင္ Free ေၾကာတစ္ေၾကာေပးထားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံမီးပွိုင့်လမ်းဆုံဝန်းကျင်တွင် ယာဉ်ကြောကျပ်တည်းမှု ဖြေလျော့ရန် လမ်းချဲ့ထွင်မှုလုပ်ငန်းများဆောင်ရွက်နေရာ မိကျောင်းဝပ်ရှော့မှ BT ဆီပန့်မီးပွိုင့်အထိ လမ်းပိုင်းကို နှစ်ဖက်(၆၅) ပေအကျယ်လမ်းအဖြစ် တိုးချဲ့ခြင်းအား ၂၀၁၉ခုနှစ် မေလပထမပတ် အတွင်းက စ၍ ဆောင်ရွက်နေကြောင်း သိရသည်။

"လက်ရှိဆောင်ရွက်နေတဲ့အပိုင်းကတော့ မိကျောင်းဝပ်ရှော့ကနေ မီးပွိုင့်ထိပ်နားထိ (၃၉၇) ပေပေါ့။ အုတ်စီရေမြောင်းပါမယ်၊ ကွန်ကရစ်ခင်းတာပါမယ်၊ ကပ်တုံးတွေပါမယ်၊ မိုးမကျမီအပြီးဆောင်ရွက်သွားမှာပါ"ဟု တာချီလိတ်မြို့စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

လက်ရှိတွင် လမ်း၏ဘယ်ဘက်အခြမ်း အရှည်(၃၉၇) ပေကို လမ်းသားအကျယ် အနည်းဆုံး (ဂ) ပေမှ အများဆုံး (၁၄) ပေအထိ ထပ်မံတိုးချဲ့ရန်ဆောင်ရွက်နပြေီး လမ်း၏ညာဘက်ခြမ်းတွင်လည်း လမ်းသားအကျယ် (၁၀) ပေ ထပ်မံတိုးချဲ့ရန်စီစဉ်ထားကြောင်း သိရသည်။

လမ်းဧရိယာအပြည့် လမ်းသားခင်းခြင်းနှင့်အတူ မြေထိန်းနံရံတည်ဆောက်ခြင်း၊ ကွန်ကရစ်ခင်းခြင်းနှင့် အုတ်စီရေမြောင်းဖောက်လုပ်ခြင်းတို့ ထပ်မံဆောင်ရွက်သွားမည်ဖြစ်ပြီး ပြီးစီးသွားပါက လမ်းသားအကျယ်(၆၅) ပေရှိသွားမည်ဖြစ်ကာ လမ်း၏ညာဘက်ခြမ်းတွင် တရုတ်ဘုံကျောင်းဘက်အကွေ့လမ်းကြောကို Free ကြော တစ်ကြောနှင့် လမ်း၏ဘယ်ဘက်ခြမ်းတွင် မြို့တွင်းအဝင်ပိုင်းတွင် Free ကြောတစ်ကြောပေးထားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net