မြန်မာ - လာအို ချစ်ကြည်ရေး တံတားကနေ (၂)လတာ ကာလအတွင်း ဆန်တန်ချိန် (၂၃၀၀၀)ကျော် တင်ပို့

မြန်မာ - လာအို ချစ်ကြည်ရေး တံတားကနေ (၂)လတာ ကာလအတွင်း ဆန်တန်ချိန် (၂၃၀၀၀)ကျော် တင်ပို့
ဒီဇင်ဘာ 25, 2019
By Tachileik News Agency
 

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

မြန်မာ - လာအို ချစ်ကြည်ရေး တံတားကနေ (၂)လတာ ကာလအတွင်း 
ဆန်တန်ချိန် (၂၃၀၀၀)ကျော် တင်ပို့

မြန်မာ - လာအိုနယ်စပ်ဒေသ၊ တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်မြို့ရှိ  မြန်မာ - လာအို ချစ်ကြည်ရေးတံတားကနေ (၂) လတာကာလအတွင်း ပြောင်းနဲ့ ဆန်တင်ပို့မှု တန်ချိန် (၂၃၀၀၀) ကျော်ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ ဈေးကွက်အနေအထားအရ လာအိုနိုင်ငံကတဆင့် တဆင့်ခံတင်ပို့နေရပြီး လာအို - မြန်မာ နှစ်နိုင်ငံသဘော တူညီချက်တွေရရင်တော့ အခွင့်အလမ်းကောင်းတွေ ရရှိလာမှာလို့ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်က လယ်ယာထွက်ကုန်တွေကို ၂၀၁၉ ခုနှစ် အောက်တိုဘာ (၂၃) ရက်နေ့မှစတင်ပြီး တရားဝင် ခွင့်ပြုချက်နဲ့ တင်ပို့ခဲ့ရာမှာ မြန်မာ - လာအိုချစ်ကြည်ရေးတံတားကနေ ၂၀၁၉ခုနှစ် ဒီဇင်ဘာ (၁၆) ရက်နေ့အထိ ပြောင်းတန်ချိန် (၁၉,၀၀၀) ကျော်၊ ဆန်တန်ချိန် (၄,၀၀၀) ကျော်နှင့် ဆိတ်အကောင်ရေ (၄,၀၀၀) ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~