အသစ္ခန္႔အပ္လုိက္သည့္ ထိုင္ရဲလ၀ကဒုတိယဗိုလ္ခ်ဳပ္ႀကီးမွ တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးတံတား လဝကလုပ္ငန္းမ်ား စစ္ေဆးၿပီး ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္ေရး အလြတ္သေဘာေတြ႔ဆံု

အသစ္ခန္႔အပ္လုိက္သည့္ ထိုင္ရဲလ၀ကဒုတိယဗိုလ္ခ်ဳပ္ႀကီးမွ တာခ်ီလိတ္ - မယ္ဆိုင္အၾကားရွိ ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးတံတား လဝကလုပ္ငန္းမ်ား စစ္ေဆးၿပီး ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္ေရး အလြတ္သေဘာေတြ႔ဆံု
မေ 13, 2019
By Tachileik News Agency

ထိုင္းရဲလ၀ကဒုတိယဗိုလ္ခ်ဳပ္ႀကီးအျဖစ္ မၾကာမီက တာဝန္ေပးအပ္ခံရသည့္ Pallt.Gen Sompong Chingduayng သည္ ျမန္မာ - ထိုင္းနယ္စပ္၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရိွ  ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးတံတား အမွတ္(၁) သို႔  ၂၀၁၉ ခုႏွစ္ ေမလ (၁၃) ရက္ေန႔ ညေန (၃) နာရီ မိနစ္ (၂၀) တြင္ လာေရာက္သည္။

ထိုင္းရဲလ၀ကဒုတိယဗိုလ္ခ်ဳပ္ႀကီးက လဝကႏွင့္ပတ္သက္သည့္ လုပ္ငန္းမ်ားကို လာေရာက္စစ္ေဆးျခင္းျဖစ္ၿပီး ႏွစ္ႏိုင္ငံအခက္အခဲေတြကို အတူပူးေပါင္းေဆာင္ရြက္ရန္ႏွင့္ မူးယစ္တရားခံမ်ား၊ တရားခံေျပးမ်ား၊ အလိုရိွတရားခံမ်ားကို ႏွစ္ႏိုင္ငံပူးေပါင္းဖမ္းဆီးေရးကိုလည္း အလြတ္သေဘာေဆြးေႏြးသြားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံဘက္မွ တာခ်ီလိတ္ လ၀ကခရိုင္ဦးစီးမွဴး ဦးထြန္းထြန္းႏိုင္၊ လ၀က ဌာနခြဲ(၆)က လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမာကုႏွင့္ တာခ်ီလိတ္ခရိုင္ အေကာက္ခြန္ဦးစီးမွဴး ဦးေအာင္ေက်ာ္လင္းႏွင့္ ၀န္ထမ္းမ်ားက သြားေရာက္ေတြ႕ဆံုခဲ့ၿပီး ႏွစ္ႏိုင္ငံနယ္နမိတ္ တံတားအလယ္တြင္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး စုေပါင္းဓာတ္ပံုရိုက္ခဲ့ၾကသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းရဲလဝကဒုတိယဗိုလ်ချုပ်ကြီးအဖြစ် မကြာမီက တာဝန်ပေးအပ်ခံရသည့် Pallt.Gen Sompong Chingduayng သည် မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁) သို့ ၂၀၁၉ ခုနှစ် မေလ (၁၃) ရက်နေ့ ညနေ (၃) နာရီ မိနစ် (၂၀) တွင် လာရောက်သည်။

ထိုင်းရဲလဝကဒုတိယဗိုလ်ချုပ်ကြီးက လဝကနှင့်ပတ်သက်သည့် လုပ်ငန်းများကို လာရောက်စစ်ဆေးခြင်းဖြစ်ပြီး နှစ်နိုင်ငံအခက်အခဲတွေကို အတူပူးပေါင်းဆောင်ရွက်ရန်နှင့် မူးယစ်တရားခံများ၊ တရားခံပြေးများ၊ အလိုရှိတရားခံများကို နှစ်နိုင်ငံပူးပေါင်းဖမ်းဆီးရေးကိုလည်း အလွတ်သဘောဆွေးနွေးသွားကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ တာချီလိတ် လဝကခရိုင်ဦးစီးမှူး ဦးထွန်းထွန်းနိုင်၊ လဝက ဌာနခွဲ(၆)က လက်ထောက်ညွှန်ကြားရေးမှူး ဦးမာကုနှင့် တာချီလိတ်ခရိုင် အကောက်ခွန်ဦးစီးမှူး ဦးအောင်ကျော်လင်းနှင့် ဝန်ထမ်းများက သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်နမိတ် တံတားအလယ်တွင် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net