တာလေမြို့မှ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ၂၀၂၀ ရွေးကောက်ပွဲ ဝင်မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးတာဝန်များ လွှဲပြောင်းပေးရေး တွေ့ဆုံ

တာလေမြို့မှ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ၂၀၂၀ ရွေးကောက်ပွဲ ဝင်မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးတာဝန်များ လွှဲပြောင်းပေးရေး တွေ့ဆုံ
ဇူလိုင် 25, 2020
By Tachileik News Agency
 တာလေမြို့မှ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး  ၂၀၂၀ ရွေးကောက်ပွဲ ဝင်မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးတာဝန်များ လွှဲပြောင်းပေးရေး တွေ့ဆုံ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တာလေမြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူးသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်၍ အုပ်ချုပ်ရေးမှူးတာဝန်အား လွှဲပြောင်းပေးနိုင်ရန် ရပ်ကွက်(၃)အတွင်းရှိ ရပ်မိရပ်ဖများနှင့် ရာအိမ်မှူးများအား တွေ့ဆုံကြောင်း သိရသည်။

လက်ရှိ ရပ်ကွက်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးစိုင်းသန့်ဇင်လတ်သည်  ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ လစ်လပ်သွားသည့် အုပ်ချုပ်ရေးမှူးတာဝန်အတွက် ၂၀၁၅ ခုနှစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်စဉ်က ဒုတိယမဲအများဆုံးရရှိသည့် ရာအိမ်မှူးအား လွှဲပြောင်းပေးနိုင်ရန် ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က  တာလေဘုန်းကြီးကျောင်းအတွင်း တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး  (၅)ဦးကော်မတီ၊ ရာအိမ်မှူး နှင့် ဆယ်အိမ်မှူးများ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တာဝန်လွှဲပြောင်းရေးအတွက် ဇူလိုင်လ(၂၇)ရက်နေ့တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - STZL


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~