တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် အဝင်တွင် အမှိုက်ပုံးမရှိ၍ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေ

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် အဝင်တွင် အမှိုက်ပုံးမရှိ၍ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေ
ဖေဖော်ဝါရီ 26, 2023 | ရှမ်းရှေ့

မကြာသေးမီက ပြန်လည်ဖွင့်လှစ်လိုက်သည့် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်  မြန်မာဘက်အခြမ်းတွင် အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံး စီစဉ်ပေးထားခြင်း မရှိ၍ စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်ထားသည်ကို တွေ့ရသည်။

အမှတ်(၁)တံတားပေါ် မယ်ဆိုင်ဘက်အခြမ်းတွင် အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံးများ စီစဉ်ထားသည်ကို တွေ့ရသော်လည်း မြန်မာဘက် အခြမ်း ဝင်ပေါက်တွင် အမှိုက်ပုံး စီစဉ်ပေးထားခြင်းမရှိ၍ တံတားပေါ်တွင် ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် အမှိုက်များကို တွေ့ရခြင်းဖြစ်သည်။

"ထိုင်းဘက်မှာက အမှိုက်ပုံးထားပေးတယ်။ ပြီးတော့ အမှိုက်လည်းမရှိဘူး။ မြန်မာဘက်မှာတော့ မြန်မာအဝင်ပေါက်နားမှာ အမှိုက်ပုံးမရှိဘူး။ အမှိုက်တွေ့ စွန့်ပစ်ထားတာတွေ့ရတယ်။ အမှိုက်စွန့်ပစ်တဲ့လူတွေကလည်း စည်းကမ်းမဲ့ စွန့်ပစ်ကြတယ်၊ "ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောသည်။

Covid-19 ကြောင့် (၃)နှစ်ဝန်းကျင်အကြာ ပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့က စပြီး ပြန်လည် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။