တာခ်ီလိတ္၌ ေန႔ပိုင္း ယာဥ္/လမ္း စည္းကမ္းေဆာင္ရြက္စဥ္ ထိုင္းႏုိင္ငံသားတစ္ဦးအား မူးယစ္ေဆး၀ါး အပါအ၀င္ လက္နက္ခဲယမ္းႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္၌ ေန႔ပိုင္း ယာဥ္/လမ္း စည္းကမ္းေဆာင္ရြက္စဥ္ ထိုင္းႏုိင္ငံသားတစ္ဦးအား မူးယစ္ေဆး၀ါး အပါအ၀င္ လက္နက္ခဲယမ္းႏွင့္အတူ ဖမ္းဆီးရမိ
မေ 22, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚ ၀ိန္းေက်ာက္ရပ္ကြက္အပိုင္းတြင္ ၂၀၁၉ခုႏွစ္ ေမလ(၂၂)ရက္ေန႔ နံနက္(၁၁)နာရီ၀န္းက်င္အခ်ိန္က ယာဥ္/လမ္း စည္းကမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနစဥ္ ဆိုင္ကယ္ေမာင္းလာသည့္ ထိုင္းႏိုင္ငံသား တစ္ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ေသနတ္ႏွင့္က်ည္ဆံ သိမ္းဆည္းဖမ္းဆီးရမိေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ ၿမိဳ႕တြင္းဘက္မွ အာခါေစ်းဘက္သို႔ အမ်ဳိးသားတစ္ဦး ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆး ရွာေဖြရာက ဆိုင္ကယ္အား ထားခဲ့ကာ ထြက္ေျပးသြားသည့္အတြက္ လိုက္လံဖမ္းဆီးရာမွ ဖမ္းဆီးရမိၿပီး ၎အား ဆက္လက္စစ္ေဆးရာ ၎သည္ အသက္(၃၉)ႏွစ္အရြယ္ ထိုင္းႏိုင္ငံသား စိုင္း၀န္း(ခ)က်ဳိင္း ျဖစ္ေနေၾကာင္း သိရသည္။

ဆက္လက္၍ ၎ထံ စစ္ေဆးရွာေဖြရာ ၎လြယ္ထားေသာ လြယ္အိတ္အတြင္းမွ စိတ္ၾကြေဆးျပား စုစုေပါင္း (၈၃၉)ျပား ႏွင့္ အီတလီႏိုင္ငံထုတ္ 9MM ပစၥတို (၁)လက္ ႏွင့္ က်ည္အိတ္ (၂)ခု၊ ၎က်ည္(၂၉)ေတာင့္ အပါအ၀င္ အိုင္ဖုန္း(၁)လံုးတို႔ကို ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါး အပါအ၀င္ လက္နက္ခဲယမ္းႏွင့္အတူ ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသား စိုင္း၀န္း(ခ)က်ဳိင္းအား အမႈဖြင့္လွစ္ႏိုင္ရန္အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း ႏွင့္ လ၀ကအက္ဥပေဒႏွင့္ပါ အေရးယူႏုိင္ရန္အတြက္ စစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ဝိန်းကျောက်ရပ်ကွက်အပိုင်းတွင် ၂၀၁၉ခုနှစ် မေလ(၂၂)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က ယာဉ်/လမ်း စည်းကမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် ဆိုင်ကယ်မောင်းလာသည့် ထိုင်းနိုင်ငံသား တစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ သေနတ်နှင့်ကျည်ဆံ သိမ်းဆည်းဖမ်းဆီးရမိကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်စဉ် မြို့တွင်းဘက်မှ အာခါဈေးဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာက ဆိုင်ကယ်အား ထားခဲ့ကာ ထွက်ပြေးသွားသည့်အတွက် လိုက်လံဖမ်းဆီးရာမှ ဖမ်းဆီးရမိပြီး၎င်းအား ဆက်လက်စစ်ဆေးရာ၎င်းသည် အသက်(၃၉)နှစ်အရွယ် ထိုင်းနိုင်ငံသား စိုင်းဝန်း(ခ)ကျိုင်း ဖြစ်နေကြောင်း သိရသည်။

ဆက်လက်၍၎င်းထံ စစ်ဆေးရှာဖွေရာ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား စုစုပေါင်း (၈၃၉)ပြား နှင့် အီတလီနိုင်ငံထုတ် 9MM ပစ္စတို (၁)လက် နှင့် ကျည်အိတ် (၂)ခု၊၎င်းကျည်(၂၉)တောင့် အပါအဝင် အိုင်ဖုန်း(၁)လုံးတို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါး အပါအဝင် လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား စိုင်းဝန်း(ခ)ကျိုင်းအား အမှုဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း နှင့် လဝကအက်ဥပဒေနှင့်ပါ အရေးယူနိုင်ရန်အတွက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net