တာချီလိတ်မြို့၌ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁၂)ဦးမြောက်အဖြစ် နောက်ထပ် (၁)ဦး ထပ်တိုး

တာချီလိတ်မြို့၌ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁၂)ဦးမြောက်အဖြစ် နောက်ထပ် (၁)ဦး ထပ်တိုး
နိုဝင်ဘာ 30, 2020
By Tachileik News Agency
တာချီလိတ်မြို့၌ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁၂)ဦးမြောက်အဖြစ် နောက်ထပ် (၁)ဦး ထပ်တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လယ် (၁)နာရီခွဲကျော်၌ အတည်ပြုလူနာအမျိုးသမီး (၁) ဦးထပ်တိုးတွေ့ရ၍  တစ်နေ့အတွင်း အတည်ပြုလူနာ (၁၂)ဦးရှိလာပြီဖြစ်ပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။
"အခု အတည်ပြုလူနာအမျိုးသမီး (၁)ဦး ထပ်တိုးတွေ့တယ်။ ဒီနေ့ လာရောက်စစ်ဆေးတဲ့သူတွေအပြင် အတည်ပြုလူနာနဲ့ထိတွေ့အိမ်တွေမှာလည်း အဖွဲ့တွေခွဲပြီး သွားစစ်နေတယ်။ အခုချိန်ထိတော့ စုစုပေါင်း (၂၀၀)ကျော်လောက် စစ်ပြီးချိန်မှာ (၁၂)ယောက် ထွက်လာတယ်။ အခု ထပ်စစ်နေကြတုန်းပဲ"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာလင်းထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် ကျန်းမာရေးက အတည်ပြုလူနာများ၏ နေရပ်လိပ်စာ နှင့် ထိတွေ့သူများကို စုံစမ်းနေဆဲ ဖြစ်သည်။
တာချီလိတ်မြို့တွင် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသည်ဟု သံသယရှိသူများကိုယ်တိုင် လာရောက်အစစ်ဆေးခံနေသည့်အပြင် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများကိုပါ ကျန်းမာရေးဌာန စုံစမ်းရှာဖွေ၍ စစ်ဆေးပေးနေခြင်းဖြစ်သည်။
နိုဝင်ဘာလ (၃၀)ရက်နေ့ နေ့လယ်ပိုင်းအထိ အတည်ပြုလူနာ (၁၂) ဦး ထပ်တိုးလာရာ ဆေးရုံ၌ ကုသမှုခံယူနေသည့် အတည်ပြုလူနာ စုစုပေါင်း (၃၄)ဦးရှိနေပြီဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~