“၀” အထူးေဒသ(၂)က မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းတြင္ လမ္းအသုံးျပဳခေကာက္ခံျခင္းကို ရပ္ဆိုင္း

“၀” အထူးေဒသ(၂)က မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းတြင္ လမ္းအသုံးျပဳခေကာက္ခံျခင္းကို ရပ္ဆိုင္း
မေ 5, 2019
By 🌸
႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္း၊ မိုင္းဆတ္ခ႐ိုင္ႏွင့္ တာခ်ီလိတ္ခ႐ိုင္ကို ဆက္သြယ္ထားေသာ မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းအား “၀” အထူးေဒသ(၂)က မိုင္းထလန္းေက်းရြာအုပ္စု၊ မုိင္းကန္းေက်းရြာအနီးတြင္ ေမာင္းတံတား၍ လမ္းအသုံးျပဳခေကာက္ခံေနျခင္းကို ၂၀၁၉ ခုႏွစ္၊ ေမ(၁)ရက္မွစ၍ ရပ္ဆိုင္းလိုက္သည္။

အဆိုပါခရို္င္ခ်င္းဆက္လမ္းကို ၁၉၉၈ ခုႏွစ္က “၀” အထူးေဒသ(၂)မွ ေဖာက္လုပ္ထားခဲ့ျခင္းျဖစ္ၿပီး လမ္းအသံုးျပဳခအျဖစ္ တစ္ေခါက္ျဖတ္သန္းလွ်င္ ဆိုင္ကယ္တစ္စီး (၅) ဘတ္(က်ပ္-၂၀၀ိေက်ာ္၊ ကားငယ္တစ္စီး ဘတ္ (၁၀၀)(က်ပ္-၅၀၀၀ိ ခန္႔)ႏွင့္ ကားႀကီးတစ္စီးကုန္ပါ ဘတ္ (၁၀၀၀) ဘတ္(က်ပ္ ၅၀၀၀၀ ခန္႔)ျဖင့္ ေကာက္ခံခဲ့ျခင္းျဖစ္သည္။

အဆိုပါလမ္းပိုင္းအား ႏိုင္ငံေတာ္အစုိးရက စတင္ျပဳျပင္ထိန္းသိမ္းသည့္အခ်ိန္မွစ၍ "၀"အထူးေဒသ(၂)မွ လမ္းအသုံး ျပဳခေကာက္ခံျခင္းကို ရပ္ဆိုင္းေပးမည္ဟု သေဘာတူညီခ်က္အရ ရပ္ဆိုင္းေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ လမ္းအသုံးျပဳခကိုေတာ့ ေမလ (၁) ရက္ေန႔ကစၿပီး မေကာက္ေတာ့ပါဘူး။ ဒါေပမဲ့ ေမာင္းတံတားထားၿပီး လာတဲ့ယာဥ္ေတြကို စစ္ေဆးၿပီးမွ ဖြင့္ေပးတာဆိုေတာ့ အခ်ိန္ၾကန္႔ၾကာမႈျဖစ္တာေပါ့။ ေမာင္းတံဖြင့္ထားေပးရင္ ပိုေကာင္းတာေပါ့” ဟု အဆိုပါလမ္းတြင္ ေျပးဆဲြေနသည့္ယာဥ္လိုင္းမွ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

မိုင္းဆတ္ - တာခ်ီလိတ္လမ္း ျပဳျပင္ထိန္းသိမ္းမႈမ်ားကို ဘ႑ာေငြရရိွမႈေပၚမူတည္၍ ေဆာင္ရြက္ေနၿပီး အျမန္ဆုံးၿပီးစီးရန္ လုပ္ေဆာင္ေနေၾကာင္း မိုင္းဆတ္ခ႐ုိင္လမ္း ဦးစီးမွဴး ဦးမ်ဳိးဇာနည္ဦးထံမွ သိရသည္။

စုစုေပါင္းလမ္းမုိင္ (၆၀) ဒႆမ (၄) မိုင္ရွည္လ်ားသည့္လမ္းမွာ ဆိုးရြားစြာပ်က္စီးေနသည့္အျပင္ လမ္းေဘးရွိ ၿခံဳႏြယ္မ်ားေၾကာင့္ ျမင္ကြင္းမရွင္း၍ အျမန္ဆုံးျပဳျပင္ေဆာင္ရြက္ေပးရန္ ေဒသခံမ်ားကေတာင္းဆိုမႈမ်ားရိွသျဖင့္ "၀"အထူးေဒသ(၂)မွ ေဒသခံျပည္သူမ်ားအတြက္ လက္ေဆာင္အျဖစ္ ႏိုင္ငံေတာ္သို႔ ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ ( ၃၀) ရက္ နံနက္ (၉) နာရီက မိုင္းဆတ္ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အစည္းအေ၀းခန္းမ၌ က်င္းပျပဳလုပ္သည့္ ႏွစ္ဖက္ေတြ႔ဆုံပဲြတြင္ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
“၀” အထူးဒေသ(၂)က မိုင်းဆတ်-တာချီလိတ်ကားလမ်းတွင် လမ်းအသုံးပြုခကောက်ခံခြင်းကို ရပ်ဆိုင်း
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်ကို ဆက်သွယ်ထားသော မိုင်းဆတ်-တာချီလိတ်ကားလမ်းအား “၀” အထူးဒေသ(၂)က မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းကန်းကျေးရွာအနီးတွင် မောင်းတံတား၍ လမ်းအသုံးပြုခကောက်ခံနေခြင်းကို ၂၀၁၉ ခုနှစ်၊ မေ(၁)ရက်မှစ၍ ရပ်ဆိုင်းလိုက်သည်။

အဆိုပါခရို်င်ချင်းဆက်လမ်းကို ၁၉၉၈ ခုနှစ်က “၀” အထူးဒေသ(၂)မှ ဖောက်လုပ်ထားခဲ့ခြင်းဖြစ်ပြီး လမ်းအသုံးပြုခအဖြစ် တစ်ခေါက်ဖြတ်သန်းလျှင် ဆိုင်ကယ်တစ်စီး (၅) ဘတ်(ကျပ်-၂၀၀ိကျော်၊ ကားငယ်တစ်စီး ဘတ် (၁၀၀)(ကျပ်-၅၀၀၀ိ ခန့်)နှင့် ကားကြီးတစ်စီးကုန်ပါ ဘတ် (၁၀၀၀) ဘတ်(ကျပ် ၅၀၀၀၀ ခန့်)ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းပိုင်းအား နိုင်ငံတော်အစိုးရက စတင်ပြုပြင်ထိန်းသိမ်းသည့်အချိန်မှစ၍ "၀"အထူးဒေသ(၂)မှ လမ်းအသုံး ပြုခကောက်ခံခြင်းကို ရပ်ဆိုင်းပေးမည်ဟု သဘောတူညီချက်အရ ရပ်ဆိုင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ လမ်းအသုံးပြုခကိုတော့ မေလ (၁) ရက်နေ့ကစပြီး မကောက်တော့ပါဘူး။ ဒါပေမဲ့ မောင်းတံတားထားပြီး လာတဲ့ယာဉ်တွေကို စစ်ဆေးပြီးမှ ဖွင့်ပေးတာဆိုတော့ အချိန်ကြန့်ကြာမှုဖြစ်တာပေါ့။ မောင်းတံဖွင့်ထားပေးရင် ပိုကောင်းတာပေါ့” ဟု အဆိုပါလမ်းတွင် ပြေးဆွဲနေသည့်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

မိုင်းဆတ် - တာချီလိတ်လမ်း ပြုပြင်ထိန်းသိမ်းမှုများကို ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်နေပြီး အမြန်ဆုံးပြီးစီးရန် လုပ်ဆောင်နေကြောင်း မိုင်းဆတ်ခရိုင်လမ်း ဦးစီးမှူး ဦးမျိုးဇာနည်ဦးထံမှ သိရသည်။

စုစုပေါင်းလမ်းမိုင် (၆၀) ဒဿမ (၄) မိုင်ရှည်လျားသည့်လမ်းမှာ ဆိုးရွားစွာပျက်စီးနေသည့်အပြင် လမ်းဘေးရှိ ခြုံနွယ်များကြောင့် မြင်ကွင်းမရှင်း၍ အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန် ဒေသခံများကတောင်းဆိုမှုများရှိသဖြင့် "၀"အထူးဒေသ(၂)မှ ဒေသခံပြည်သူများအတွက် လက်ဆောင်အဖြစ် နိုင်ငံတော်သို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ( ၃၀) ရက် နံနက် (၉) နာရီက မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နှစ်ဖက်တွေ့ဆုံပွဲတွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net