တာချီလိတ်မြို့တွင် အပတ်စဉ် ကျင်းပမည့် လိဒ်ပြိုင်ပွဲများနှင့်ပတ်သက်ပြီး စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်၍  မြို့နယ်ဘောလုံးအဖွဲ့ချုပ်က ခွင့်မပြု 

တာချီလိတ်မြို့တွင် အပတ်စဉ် ကျင်းပမည့် လိဒ်ပြိုင်ပွဲများနှင့်ပတ်သက်ပြီး စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်၍  မြို့နယ်ဘောလုံးအဖွဲ့ချုပ်က ခွင့်မပြု 
မတ် 25, 2021 | ရှမ်းရှေ့

နိုင်ငံအာဏာသိမ်းခံထားရသည့် ကာလအတွင်း  အားကစားပွဲများနှင့် ပတ်သက်၍ ဘောလုံးပွဲများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် မြို့နယ်အဖွဲ့ချုပ်တို့က ခွင့်မပြုထားကြောင်း သိရသည်။

 

"မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ရော မြို့နယ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ပါ ခွင့်ပြုချက်မပေးနိုင်ပါဘူး။ အခြားမြို့တွေမှာ အသေအကြေ စစ်အာဏာရှင်ကို တော်လှန်နေချိန်မှာ တာချီလိတ်မြို့မှာ ဒီလိုလုပ်တာက အရှက်မဲ့တာပဲ"ဟု တာချီလိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးက ဆက်သွယ်ပြောကြားလာသည်။

တာချီလိတ်မြို့တွင် အပတ်စဉ် စနေ နှင့် တနင်္ဂနွေနေ့များ၌ ကျင်းပရန် စီစဉ်နေသည့်  လိဒ်ပြိုင်ပွဲများနှင့် ပတ်သက်၍  ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြေညာထားမှုနှင့်ပတ်သက်၍ ယင်းသို့ ပြောကြားလာခြင်း ဖြစ်သည်။