RCSS/SSA က ဖမ္းဆီးသိမ္းဆည္းရမိသည့္ မူးယစ္ေဆး၀ါးမ်ားကို ႏုိင္ငံေတာ္သို႔ လႊဲေျပာင္းအပ္ႏွံ

RCSS/SSA က ဖမ္းဆီးသိမ္းဆည္းရမိသည့္ မူးယစ္ေဆး၀ါးမ်ားကို ႏုိင္ငံေတာ္သို႔ လႊဲေျပာင္းအပ္ႏွံ
မေ 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္အတြင္း  RCSS/SSA က ဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးမ်ားကို ႏိုင္ငံေတာ္သို႔လႊဲေျပာင္းေပးအပ္မႈအျဖစ္ ၂၀၁၉ခုႏွစ္ ေမလ(၈)ရက္ေန႔ နံနက္(၁၁)နာရီခြဲ၀န္းက်င္က မိိုင္းတံုၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးတြင္ျပဳလုပ္ရာ မူးယစ္တပ္ဖြဲ႔စု(၂၉)မိုင္းဆတ္က လက္ခံခဲ့ၾကသည္။

ဖမ္းဆီးရမိသည့္ မူးယစ္ေဆး၀ါးမ်ားကို   RCSS/SSA ၏ တပ္မဟာ(၇၂၇)တပ္မဟာမွဴး ဗိုလ္မွဴးႀကီးအဆင့္ရိွ ဦးတင္ေခးႏွင့္ မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးအဖဲြ႔ေခါင္းေဆာင္ ဒုတိယဗိုလ္မွဴးႀကီးအဆင့္ရိွ ဦးစိုင္းဟန္တို႔က မူးယစ္ေဆး၀ါးဖမ္း ဆီးရမိသည့္ ျဖစ္စဥ္အား ရွင္းလင္းေျပာၾကားၿပီးေနာက္ လႊဲေျပာင္းလာသည့္ မူးယစ္ေဆး၀ါးမ်ားအား  မူးယစ္တပ္ဖြဲ႔စု(၂၉)မိုင္းဆတ္မွ ရဲမွဴး၀င္းေဇာ္က လက္ခံရယူေပးၿပီး မိုင္းဆတ္ခ႐ိုင္ရဲတပ္ဖဲြ႔မွဴး ဒုတိယရဲမွဴးႀကီး ေစာေဇယ်ာလင္း က ေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။

လႊဲေျပာင္းေပးလာသည့္ မူးယစ္ေဆး၀ါးမ်ားအား ၂၀၁၉ခုႏွစ္ ဧၿပီလ(၂၆)ရက္ေန႔ နံနက္(၁၁)နာရီခဲြ၀န္းက်င္က မိုင္းတုံၿမိဳ႕နယ္ နမ့္စင္ေခ်ာင္းေဘး တာမိန္းမြန္း(ကူးတို႔ဆိပ္)တြင္ RCSS/SSA တပ္မဟာ(၇၂၇) တပ္ရင္း(၄၅၃)လက္ေအာက္ခံ လႈပ္ရွားတပ္မွ တပ္ၾကပ္အဆင္႔ရွိ စိုင္းထြန္းလွ ဦးစီး(၁၂)ဦးအဖဲြ႔က ႀကိဳတင္သတင္းရရိွမႈ မရိွဘဲ မူးယစ္ေဆးဝါးသယ္ေဆာင္သူမ်ား ႏွင့္ ရင္ဆိုင္ေတြ႔ႀကဳံ၍ တားဆီးစစ္ေဆးရန္ ႀကိဳးပမ္းစဥ္ ထိေတြ႔ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာမွ သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ မူးယစ္ေဆး၀ါးမ်ားမွာ Methamphetamine အိုက္စ္ျဖစ္ၿပီး အေလးခ်ိန္အားျဖင့္ (၃၀)ကီလိုဂရမ္ ျဖစ္ေၾကာင္းႏွင့္  မူးယစ္ေဆး၀ါးသယ္ေဆာင္ လာသူမ်ားမွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း RCSS/SSA က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို နိုင်ငံတော်သို့လွှဲပြောင်းပေးအပ်မှုအဖြစ် ၂၀၁၉ခုနှစ် မေလ(၈)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်က မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင်ပြုလုပ်ရာ မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်က လက်ခံခဲ့ကြသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို RCSS/SSA၏ တပ်မဟာ(၇၂၇)တပ်မဟာမှူး ဗိုလ်မှူးကြီးအဆင့်ရှိ ဦးတင်ခေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ဦးစိုင်းဟန်တို့က မူးယစ်ဆေးဝါးဖမ်း ဆီးရမိသည့် ဖြစ်စဉ်အား ရှင်းလင်းပြောကြားပြီးနောက် လွှဲပြောင်းလာသည့် မူးယစ်ဆေးဝါးများအား မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ရဲမှူးဝင်းဇော်က လက်ခံရယူပေးပြီး မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်း က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

လွှဲပြောင်းပေးလာသည့် မူးယစ်ဆေးဝါးများအား ၂၀၁၉ခုနှစ် ဧပြီလ(၂၆)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်က မိုင်းတုံမြို့နယ် နမ့်စင်ချောင်းဘေး တာမိန်းမွန်း(ကူးတို့ဆိပ်)တွင် RCSS/SSA တပ်မဟာ(၇၂၇) တပ်ရင်း(၄၅၃)လက်အောက်ခံ လှုပ်ရှားတပ်မှ တပ်ကြပ်အဆင့်ရှိ စိုင်းထွန်းလှ ဦးစီး(၁၂)ဦးအဖွဲ့က ကြိုတင်သတင်းရရှိမှု မရှိဘဲ မူးယစ်ဆေးဝါးသယ်ဆောင်သူများ နှင့် ရင်ဆိုင်တွေ့ကြုံ၍ တားဆီးစစ်ဆေးရန် ကြိုးပမ်းစဉ် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ Methamphetamine အိုက်စ်ဖြစ်ပြီး အလေးချိန်အားဖြင့် (၃၀)ကီလိုဂရမ် ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင် လာသူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net