တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရုံးတွင် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးမည်

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရုံးတွင် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးမည်
စကျတငျဘာ 27, 2019
By Tachileik News Agency

ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရုံးတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့ နံနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ခွေးနှင့်ကြောင်များအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။



မြန်မာနိုင်ငံတွင် ခွေးကောင်ရေ (၄) သန်းရှိနေပြီး နှစ်စဉ် လူ (၁၀၀၀) ခန့်မှာ ခွေးရူးရောဂါဖြင့် သေဆုံးနေရကာ (၈၀) ရာခိုင်နှုန်းခန့်မှာ လမ်းဘေးခွေးလေခွေးလွင့်များ၏ ကိုက်ခံရမှုကြောင့်ဖြစ်ကြောင်း သိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးအဖြစ် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE)ဖြင့် ပူးပေါင်းပြီး နှစ်စဉ်စက်တင်ဘာလ (၂၈)ရက်နေ့တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကမာ္ဘ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရုံးတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့ နံနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ခွေးနှင့်ကြောင်များအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

“ရန်အောင်မြေရပ်ကွက်က ခွေးကောင်ရေပိုများတဲ့ ရပ်ကွက်လည်းဖြစ်တာကြောင့် အဲဒီမှာ ရွေးဖြစ်တာပါ။ မနက်ဖြန်ထိုးပေးမှာကတော့ မယ့်ဖားလုံဖောင်ဒေးရှင်းက လှူတဲ့ အကောင်ရေ (၁၅၀)စာ ရှိပါတယ်။ အကယ်၍ အကောင်ရေ (၁၅၀) ကျော်သွားရင်လည်း ကျွန်တော်တို့ဆီကဆေးနဲ့ ထိုးပေးသွားမှာပါ။ ကိုယ့်အိမ်က ခွေးတွေ၊ ကြောင်တွေကို ကာကွယ်ဆေးထိုးပေးချင်တယ်ဆိုရင် ကျန်တဲ့ရက်တွေမှာ ကျွန်တော်တို့ရုံးကို ရုံးချိန်အတွင်း လာလို့ရပါတယ်”ဟု တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခွေးရူးရောဂါကာကွယ်ဆေးသည် ရောဂါဖြစ်ပွားမှုအား ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပြီး ရောဂါအန္တရာယ်ရှိသော နေရာတွင်ရှိနေသော ခွေးကောင်ရေ၏ (၇၀)ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးထားပါက ရောဂါကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်သဖြင့် အိမ်မွေးခွေး၊ ကြောင်များအား ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးထားရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ခွေးကောင်ရေ (၄) သန်းရှိနပြေီး နှစ်စဉ် လူ (၁၀၀၀) ခန့်မှာ ခွေးရူးရောဂါဖြင့် သေဆုံးနေရကာ (၈၀) ရာခိုင်နှုန်းခန့်မှာ လမ်းဘေးခွေးလေခွေးလွင့်များ၏ ကိုက်ခံရမှုကြောင့်ဖြစ်ကြောင်း သိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးအဖြစ် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE)ဖြင့် ပူးပေါင်းပြီး နှစ်စဉ်စက်တင်ဘာလ (၂၈)ရက်နေ့တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net