မိုင်းဆတ်မြို့တွင် တရုတ်ဘီယာများကို  လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး

Photo: We Love Mong Hsat
Photo: We Love Mong Hsat
မိုင်းဆတ်မြို့တွင် တရုတ်ဘီယာများကို  လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး
ဖေဖော်ဝါရီ 23, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်မြို့တွင် ၂၀၂၁ခုနှစ်အတွင်းက ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံထုတ် ဘီယာများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးဝတန်းအတွင်း၌ လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးလိုက်သည်။

ကျိုင်းတုံ - မိုင်းဆတ်ကားလမ်း ဆိုက်ခေါင် ယာယီပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့က တရားမဝင်သယ်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံထုတ် Two Elephant ဘီယာများကို ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။



ဌာနဆိုင်ရာများအနေဖြင့် စစ်ဆေးမှုများအတွင်း တရားမဝင်သယ်ဆောင်မှုဖြင့် ဖမ်းဆီးရမိသည့် ကျောက်စိမ်း နှင့် သစ်များက လွဲ၍ ဖျော်ရည်ယမကာ အပါအဝင် စားသောက်ကုန်များကို ယခုလို ဖျက်ဆီးလေ့ရှိသည်။