တာချီလိတ်မြို့တွင် ဩဂုတ်လ(၂၃)ရက်နေ့ တစ်နေ့တာတွင်း Covid-19 ကူးစက်ခံထားရသူ (၅၂)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် ဩဂုတ်လ(၂၃)ရက်နေ့ တစ်နေ့တာတွင်း Covid-19 ကူးစက်ခံထားရသူ (၅၂)ဦး ထပ်တိုး
သြဂုတ် 23, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၏ ဩဂုတ်လ(၂၃)ရက်နေ့ တစ်နေ့တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ (၅၂)ဦး ထပ်တိုးကြောင်း သိရသည်။

ထပ်တိုးသည့် (၅၂)ဦးတွင် အမျိုးသား(၃၅)ဦး နှင့် အမျိုးသမီး (၁၇)ဦးတို့ ဖြစ်ကြပြီး အသက်(၆၀)အထက် (၄)ဦးပါဝင်ကာ အများစုမှာ အသက်(၅၀)အောက်များဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း Covid-19 ကူးစက်မှုမှာ စာရင်းအရ (၂၂၀၀)ဝန်းကျင်ရှိနေပြီး နေအိမ်ပြန်ခွင့်ရရှိသွားသူမှာလည်း (၁၅၀၀)ဝန်းကျင်ရှိနေကာ သေဆုံးသူမှာလည်း တရားဝင်စာရင်းအရ (၆၀)ဝန်းကျင်ရှိနေပြီး ဆေးရုံသို့ မသွားရောက်လို၍ ရပ်ကွက်အတွင်း၌ နေအိမ်တွင် ကုသပြီး Covid-19 နှင့်အတူ ရောဂါအခံကြောင့် သေဆုံးသူများမှာ တရားဝင်စာရင်းထက် ပိုမိုများပြားနေကြောင်းလည်း  သိရသည်။