တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္ ဓမၼာရံုတြင္ OSS လုပ္ငန္းမ်ား ညေန(၄)နာရီအထိ ေဆာင္ရြက္ေပးေနၿပီး ယာဥ္ေမာင္းလုိင္စင္မ်ားလည္း ေဆာင္ရြက္ေပးေန

တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္ ဓမၼာရံုတြင္ OSS လုပ္ငန္းမ်ား ညေန(၄)နာရီအထိ ေဆာင္ရြက္ေပးေနၿပီး ယာဥ္ေမာင္းလုိင္စင္မ်ားလည္း ေဆာင္ရြက္ေပးေန
သြဂုတ် 1, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္ ဓမၼာရံုတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁)ရက္ေန႔တြင္ မကာဟိုခမ္းရပ္ကြက္ ဓမၼာရံု၌ နံနက္ (၉)နာရီမွ ညေန (၄)နာရီအထိ အစိုးရဌာန (၁၂)ခု ပါဝင္သည့္အဖြဲ႕က ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးေနရာ ယာဥ္ေမာင္းလုိင္စင္လုပ္ေဆာင္သူ အမ်ားဆံုးလာေရာက္ေနေၾကာင္း သိရသည္။

တတိယအႀကိမ္ ေရြ႕လ်ားျပည္သူ႔ဝန္ေဆာင္မႈအျဖစ္ ၾသဂုတ္လ (၁)ရက္ေန႔မွစ၍ ရပ္ကြက္၊ ေက်းရြာမ်ားသို႔ အလွည့္က်ကြင္းဆင္းဝန္ေဆာင္မႈေပးရာတြင္ OSS (ျပည္သူ႔ဝန္ေဆာင္မႈရံုး)မွ ဌာန (၁၀)ခုအျပင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတုိ႔ပါ ပါဝင္လာၿပီး ေမာ္ေတာ္ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္ အသစ္ေလွ်ာက္ထားျခင္း၊ အေဟာင္းသက္တမ္းတိုးျခင္းမ်ားကို ေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

“ ယာဥ္ေမာင္းလိုင္စင္ကို လုပ္ခ်င္တယ္ဆုိရင္ ဓာတ္ပံု (၃) ပံုနဲ႔ မွတ္ပံုတင္မိတၱဴေတြကို အဆင္သင့္ေဆာင္ထားဖို႔ေတာ့ သက္ဆိုင္ရာ ရပ္ေက်းေတြကိုေျပာထားပါတယ္။ ဆိုင္ကယ္ေမာင္းလိုင္စင္ အသစ္လုပ္တာနဲ႔ ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္ သက္တမ္းတိုးေတြရမွာပါ"ဟု တာခ်ီလိတ္ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္သူ႔ဝန္ေဆာင္မႈရံုးတြင္ ပါဝင္သည့္ ဌာန(၁၀)ခုျဖစ္သည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္ သာယာေရးဌာန၊ ျပန္လည္ထူေထာင္ေရးဦးစီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၊ လွ်ပ္စစ္ဌာနႏွင့္ က်န္းမာေရးဦးစီးဌာနတို႔အျပင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ ျမန္မာ့အာမခံလုပ္ငန္းတုိ႔ကလည္း ပူးေပါင္းကြင္းဆင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ၾသဂုတ္လ (၁)ရက္ေန႔တြင္ ဝမ္ေကာင္းရပ္ကြက္၊ ၾသဂုတ္လ (၂)ရက္ေန႔တြင္ ပုန္းထြန္ရပ္ကြက္၊ ၾသဂုတ္လ(၅)ရက္ေန႔တြင္ တာေလာ့ရပ္ကြက္၊ ၾသဂုတ္လ (၆)ရက္ေန႔တြင္ မကာဟိုခမ္းရပ္ကြက္၊ ၾသဂုတ္လ (၇)ရက္ေန႔တြင္ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ၾသဂုတ္လ (၈)ရက္ေန႔တြင္ ဆန္ဆုိင္း(က)ရပ္ကြက္၊ ၾသဂုတ္လ (၉)ရက္ေန႔တြင္ မယ္ေခါင္ရပ္ကြက္၊ ၾသဂုတ္လ (၁၂)ရက္ေန႔တြင္ ရန္ေအာင္ေျမရပ္ကြက္၊ ၾသဂုတ္လ (၁၃)ရက္ေန႔တြင္ ဝိန္းေက်ာက္ရပ္ကြက္၊ ၾသဂုတ္လ (၁၄)ရက္ေန႔တြင္ ပါဆတ္ရပ္ကြက္၊ ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ ေဆခမ္းရပ္ကြက္၊ ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ လြယ္ေတာ္ခမ္းရပ္ကြက္၊ ၾသဂုတ္လ (၁၉)ရက္ေန႔တြင္ ဝမ္လံုးေက်းရြာ၊ ၾသဂုတ္လ (၂၀)ရက္ေန႔တြင္ ဖန္မင္ေက်းရြာ၊ ၾသဂုတ္လ (၂၁)ရက္ေန႔တြင္ မုိင္းကိုးေက်းရြာ၊ ၾသဂုတ္လ (၂၂)ရက္ေန႔တြင္ မုိင္းဟဲေက်းရြာ၊ ၾသဂုတ္လ (၂၃)ရက္ေန႔တြင္ မုိင္းဖုန္း(က)ေက်းရြာႏွင့္ ၾသဂုတ္လ (၂၆)ရက္ေန႔တြင္ မုိင္းဖုန္း (ခ)ေက်းရြာတုိ႔၌ အသီးသီးေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် ဓမ္မာရုံတွင် OSS လုပ်ငန်းများ ညနေ(၄)နာရီအထိ ဆောင်ရွက်ပေးနေပြီး ယာဉ်မောင်းလိုင်စင်များလည်း ဆောင်ရွက်ပေးနေ
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် ဓမ္မာရုံတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက် ဓမ္မာရုံ၌ နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ အစိုးရဌာန (၁၂)ခု ပါဝင်သည့်အဖွဲ့က ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေရာ ယာဉ်မောင်းလိုင်စင်လုပ်ဆောင်သူ အများဆုံးလာရောက်နေကြောင်း သိရသည်။

တတိယအကြိမ် ရွေ့လျားပြည်သူ့ဝန်ဆောင်မှုအဖြစ် သြဂုတ်လ (၁)ရက်နေ့မှစ၍ ရပ်ကွက်၊ ကျေးရွာများသို့ အလှည့်ကျကွင်းဆင်းဝန်ဆောင်မှုပေးရာတွင် OSS (ပြည်သူ့ဝန်ဆောင်မှုရုံး)မှ ဌာန (၁၀)ခုအပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ပါ ပါဝင်လာပြီး မော်တော်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် အသစ်လျှောက်ထားခြင်း၊ အဟောင်းသက်တမ်းတိုးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

“ ယာဉ်မောင်းလိုင်စင်ကို လုပ်ချင်တယ်ဆိုရင် ဓာတ်ပုံ (၃) ပုံနဲ့ မှတ်ပုံတင်မိတ္တူတွေကို အဆင်သင့်ဆောင်ထားဖို့တော့ သက်ဆိုင်ရာ ရပ်ကျေးတွေကိုပြောထားပါတယ်။ ဆိုင်ကယ်မောင်းလိုင်စင် အသစ်လုပ်တာနဲ့ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတွေရမှာပါ"ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ပါဝင်သည့် ဌာန(၁၀)ခုဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လျှပ်စစ်ဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့အပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ကလည်း ပူးပေါင်းကွင်းဆင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို သြဂုတ်လ (၁)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်၊ သြဂုတ်လ (၂)ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်၊ သြဂုတ်လ(၅)ရက်နေ့တွင် တာလော့ရပ်ကွက်၊ သြဂုတ်လ (၆)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်၊ သြဂုတ်လ (၇)ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ သြဂုတ်လ (၈)ရက်နေ့တွင် ဆန်ဆိုင်း(က)ရပ်ကွက်၊ သြဂုတ်လ (၉)ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်၊ သြဂုတ်လ (၁၂)ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်၊ သြဂုတ်လ (၁၃)ရက်နေ့တွင် ဝိန်းကျောက်ရပ်ကွက်၊ သြဂုတ်လ (၁၄)ရက်နေ့တွင် ပါဆတ်ရပ်ကွက်၊ သြဂုတ်လ (၁၅)ရက်နေ့တွင် ဆေခမ်းရပ်ကွက်၊ သြဂုတ်လ (၁၆)ရက်နေ့တွင် လွယ်တော်ခမ်းရပ်ကွက်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် ဝမ်လုံးကျေးရွာ၊ သြဂုတ်လ (၂၀)ရက်နေ့တွင် ဖန်မင်ကျေးရွာ၊ သြဂုတ်လ (၂၁)ရက်နေ့တွင် မိုင်းကိုးကျေးရွာ၊ သြဂုတ်လ (၂၂)ရက်နေ့တွင် မိုင်းဟဲကျေးရွာ၊ သြဂုတ်လ (၂၃)ရက်နေ့တွင် မိုင်းဖုန်း(က)ကျေးရွာနှင့် သြဂုတ်လ (၂၆)ရက်နေ့တွင် မိုင်းဖုန်း (ခ)ကျေးရွာတို့၌ အသီးသီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net