CDM လုပ်ဆောင်သူများ၏ လစ်လပ်နေရာများနှင့် ရာထူးတိုးလစ်လပ်နေရာများအတွက် ရှမ်း(ရှေ့)တွင် လဝက ဝန်ထမ်းအသစ် (၂၇)ဦး  ခန့်အပ်

CDM လုပ်ဆောင်သူများ၏ လစ်လပ်နေရာများနှင့် ရာထူးတိုးလစ်လပ်နေရာများအတွက် ရှမ်း(ရှေ့)တွင် လဝက ဝန်ထမ်းအသစ် (၂၇)ဦး  ခန့်အပ်
အောက်တိုဘာ 10, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်ရှေ့ပိုင်းဒေသအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတွင် လစ်လပ်သွားသည့် နေရာများအတွက်  ဝန်ထမ်းလောင်း(၂၇)ဦး နှင့် ရာထူးတိုး(၁)ဦးတို့ကို လုပ်ငန်းတာဝန် (၄)နေရာတွင် ခန့်ထားလိုက်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ဝန်ကြီးဌာန အောက်တိုဘာလ(၈)ရက်နေ့က ကန့်သတ်အမိန့်စာထုတ်ထားကြောင်း သိရသည်။

လစ်လပ်နေရာများတွင် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး(၁၆)ဦး၊  ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၉)ဦးနှင့် အငယ်တန်းစာရင်း (၂)ဦးအပြင် အမှုတွဲထိန်း တစ်ဦးကိုလည်း လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးအဖြစ် တိုးမြှင့်ပေးလိုက်သည်ကိုတွေ့ရသည်။



 

ရှမ်းပြည်နယ်ရှေ့ပိုင်းဒေသအတွင်း လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး၊ ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ အငယ်တန်းစာရေး ရာထူးများအတွက် ရေးဖြေသည့် စာရင်းမှာ (၂၉)ဦးရှိသော်လည်း ကန့်သတ်အမိန့်စာတွင် (၂၈)ဦး၏ အမည်ကိုသာ တွေ့ရသည်။

နိုင်ငံ့အာဏာကို စစ်တပ်က လက်နက်အားကိုးဖြင့် သိမ်းလိုက်ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားလည်ပတ်ရေးတွင် မပါဝင်လိုသူများက CDM လုပ်ဆောင်လိုက်ကြရာ CDM မလုပ်ဘဲ ကျန်ရှိနေသူ အချို့အား ရာထူးများတိုးပေးလိုက်သလို CDM နေရာများတွင်လည်း လစ်လပ်သွားကြသည့်အတွက် အာဏာသိမ်းစစ်ကောင်စီ၏ ဒေါက်တိုင်များအဖြစ် ပါဝင်လိုသူများကို ခန့်ထားပေးနေခြင်း ဖြစ်သည်။