ရှမ်းပြည်(မြောက်ပိုင်း) ဂုတ်တွင်းလမ်း နောင်ချိုဘက်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် (၃)ဦး သေဆုံး

ရှမ်းပြည်(မြောက်ပိုင်း) ဂုတ်တွင်းလမ်း နောင်ချိုဘက်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် (၃)ဦး သေဆုံး
ဇွန် 17, 2020
By Tachileik News Agency
ရှမ်းပြည်(မြောက်ပိုင်း) ဂုတ်တွင်းလမ်း နောင်ချိုဘက်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် (၃)ဦး သေဆုံး

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ဂုတ်တွင်းလမ်း နောင်ချိုဘက်အခြမ်းတွင် ၂၀၂၀ခုနှစ် ဇွန်လ (၁၇)ရက် နံနက်အစောပိုင်းက မကွေး - လားရှိုး ခရီးသည်တင် Express ယာဥ်တစ်စီး ထိုးကျ တိမ်းမှောက်မှုကြောင့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး လူ(၅)ဦး ပြင်းထန်သည့်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်တဲ့နေရာမှာ ယာဥ်မောင်းနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း (၂)ဦး သေတယ်၊ ကျန်ခရီးသည်တွေက ဒဏ်ရာတွေရလို့ နောင်ချိုဆေးရုံ ပို့ထားတယ်။ အဲ့ထဲက အမျိုးသမီး တစ်ဦး ထပ်သေသွားတယ်။ လမ်းကတော့မပိတ်ပါဘူး၊ ဖြတ်သန်း သွားလာလို့ရပါတယ်

ဟု ယာဥ်ထိန်းရဲတပ်ဖွဲ့( နောင်ချို )မှ ရဲအုပ် ခင်မောင်မြင့် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေး မှ လားရှိုးသို့ လာသည့် `မင်းသားကြီး´  ယာဥ်လိုင်းမှ Express ယာဥ်သည် ဂုတ်တွင်းသို့ အဆင်း နောင်ချိုဘက်အခြမ်းရှိ နံပါတ် (၇)အကွေ့ ( ကုလားမကွေ့)သို့   နံနက် (၃)နာရီခွဲဝန်းကျင်အချိန်ကထိုးကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရတဲ့ထဲက နောက်ဆုံးသယ်ပေးခဲ့ရတဲ့ ယာဥ်နောက်လိုက် တစ်ဦး ပြောတာကတော့ ဂုတ်တွင်း အဆင်း နံပါတ် (၅)အကွေ့လောက်အရောက်မှာ ဘရိတ်ပေါက်သလိုဖြစ်ပြီး နံပါတ် (၆)အကွေ့ကိုကျော်ဆင်းပြီးမှ အခုကျတဲ့ နေရာထိရောက်သွားတယ်လို့သိရတယ်။ ဒဏ်ရာပြင်းထန်တဲ့ (၅)ဦးကို နောင်ချိုကနေတဆင့် ပြင်ဦးလွင်ဆေးရုံကို လွှဲပြီးပို့ပေးနေတယ်

 ဟု  ယာဥ်မတော်တဆ ဖြစ်သည့်နေရာသို့ သွားရောက် ကူညီဆောင်ရွက်ပေးနေသည့် ကမ်းလင့်လက်များလူမှုကူညီရေးအသင်း ( နောင်ပိန် ) မှ ကိုစိုင်းနေအောင်က ပြောသည်။

အဆိုပါ ကားပေါ်တွင် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှင့် ခရီးသည်များ အပါအဝင် စုစုပေါင်း (၁၆)ဦး ပါဝင်ပြီး၊ ပွန်းပဲ့ဒဏ်ရာရသူ (၅) ဦး၊ ပြင်းထန်ဒဏ်ရာ (၅)ဦး၊ မစိုးရိမ်ရ (၃) ဦးရှိသည်ဟု သိရသည်။

အခင်းဖြစ်ပွားရာသို့ နောင်ချို၊ ကျောက်မဲမှ ရဲတပ်ဖွဲ့နှင့်ယာဥ်ထိန်းရဲတပ်ဖွဲ့များ၊ ဂုတ်တွင်းလုံခြုံရေး တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့( နောင်ချို ) စေတနာမွန်လူမှုကူညီရေးအသင်းနှင့် ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း( နောင်ချို )၊ ကမ်းလင့်လက်များ လူမှုကူညီအသင်း ( နောင်ပိန်) တို့က ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကိုနေ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~