တာချီလိတ်မြို့တွင် မူးယစ်တရားခံသွားဖမ်းသည့် ရဲအဖွဲ့ ပြန်လည် ပစ်ခတ်ခံရ၍ ရဲဒုတပ်ကြပ်တစ်ဦး သေဆုံး

တာချီလိတ်မြို့တွင် မူးယစ်တရားခံသွားဖမ်းသည့် ရဲအဖွဲ့ ပြန်လည် ပစ်ခတ်ခံရ၍ ရဲဒုတပ်ကြပ်တစ်ဦး သေဆုံး
အောက်တိုဘာ 28, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ယမန်နေ့က မူးယစ်မှုကွင်းဆက်တရားခံ သွားဖမ်းသည့် မူးယစ်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

မူးယစ်ဆေးဝါးမှုကွင်းဆက်မှ တရားခံကို မိုင်းကိုးကျေးရွာအုပ်စု၊ ဟွေ့ရမ်း (၂) ကျေးရွာရှိ နေအိမ်၌ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့ ညနေ (၆) နာရီကျော်က သွားရောက်ဖမ်းဆီးရာ နေအိမ်တွင်းမှ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် (၁) ဦးမှာ ဝမ်းဗိုက်တွင်ထိမှန်၍ နေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

ဟုတ်ပါတယ်၊ သေဆုံးသွားတာမှန်ပါတယ်။ အပြင်မှာ သတင်း မပေါက်ကြားအောင် နဲ့ ရဲတွေကို ဝိုင်းဆဲမှာဆိုးလို့ထင်တယ် သတင်းဖုံးထားတယ်

ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

သေဆုံးသွားသူမှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ   ရဲဒုတပ်ကြပ် ဖြိုးကျော်ညီထက် ဖြစ်ကြောင်း သိရသည်။