တာခ်ီလိတ္ၿမိဳ႕တြင္းလမ္းတိုးခ်ဲ႕ရာတြင္ မလြတ္သည့္ဓါတ္တုိင္မ်ား ေရႊ႕ေျပာင္းျခင္းကို လွ်ပ္စစ္မီး ျဖတ္ေတာက္ရခ်ိန္ အနည္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္မည္

တာခ်ီလိတ္ၿမိဳ႕တြင္းလမ္းတိုးခ်ဲ႕ရာတြင္ မလြတ္သည့္ဓါတ္တုိင္မ်ား ေရႊ႕ေျပာင္းျခင္းကို လွ်ပ္စစ္မီး ျဖတ္ေတာက္ရခ်ိန္ အနည္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္မည္
မေ 4, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံလမ္းမႀကီးကို တိုးခဲ်႕ရာတြင္ လမ္းသားႏွင့္မလြတ္သည့္ ဓါတ္တုိင္မ်ားကို ေျပာင္းေရႊ႕ရမည္ျဖစ္ရာတြင္ မီးျဖတ္ေတာက္ရသည့္ အခ်ိန္ၾကာျမင့္မည္စိုးသျဖင့္ တိုင္အသစ္မ်ားစိုက္ထူၿပီးမွ ႀကိဳးမ်ားေျပာင္းေရႊ႕သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဓာတ္တိုင္ (၅၂) တိုင္ႏႈတ္ရမယ္။ မနက္ျဖန္မနက္ က်င္းစတူးမယ္။ လမ္းေဘးတစ္ခ်ိဳ႕ဆိုင္ေတြက အမိုးေတြေရွ႕ကို (၆) ေပ၊ (၇) ေပေလာက္ထြက္ေနတယ္။ အမိုးေတြခံေနတဲ့အတြက္ က်င္းေနရာေတြကို ေဆးနဲ႔လိုက္မွတ္တယ္ေပါ့။ စည္ပင္ကဆြဲေပးတဲ့ေျမပံုအရ (၁၀) ေပ၊ (၁၁) ေပေပါ့။ ပါ၀ါလိုင္းက (၁၀) တိုင္ပါတယ္။ အဲဒီတိုင္ေတြအရင္တူးမွာေပါ့။ က်န္တဲ့တိုင္ေတြအတြက္က လ်ာထားၿပီးေတာ့ (၁) ေပေလာက္ပဲ တူးထားဦးမယ္။ စည္ပင္က အမိုးေတြဖယ္ၿပီးတဲ့အခါမွ တိုင္ထူမယ္။ တိုင္ေတြထူၿပီးရင္ ေၾကြသီးအသစ္ေတြ ခ်ိတ္မယ္။ (၅၂) တိုင္စလံုးအကုန္ၿပီးၿပီဆိုမွ လက္ရိွသြယ္ထားတဲ့ႀကိဳးေတြကို တိုင္အသစ္ေပၚေျပာင္းတင္မယ္။ အဲဒါဆိုမီးျဖတ္ရမယ့္အခ်ိန္ နည္းသြားမွာေပါ့။ အထဲကို ေရႊ႕ရမွာဆိုေတာ့ ႀကိဳးတိုသြားေတာ့ ႀကိဳးဆက္ရမွာဆိုေတာ့ မီးျဖတ္ရမွာေပါ့။ မဟုတ္ရင္ တိုင္စိုက္လိုက္ ႀကိဳးတင္လိုက္ဆိုရင္ မီးခဏခဏျဖတ္ရမွာစိုးလို႔"ဟု တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ပါလွ်ံလမ္းတိုးခ်ဲ႕ႏုိင္ေရးအတြက္ လမ္းေဘးဝဲယာလမ္းတိုးခ်ဲ႕ျခင္းလုပ္ေဆာင္ရန္အတြက္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာ၊ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္း၊ သက္ဆုိင္ရာဌာနတာဝန္ရိွသူမ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္တို႔ပါဝင္သည့္အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေမလ (၄) ရက္ေန႔က ကြင္းဆင္းစစ္ေဆးခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင်းလမ်းတိုးချဲ့ရာတွင် မလွတ်သည့်ဓါတ်တိုင်များ ရွှေ့ပြောင်းခြင်းကို လျှပ်စစ်မီး ဖြတ်တောက်ရချိန် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်မည်
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံလမ်းမကြီးကို တိုးချဲ့ရာတွင် လမ်းသားနှင့်မလွတ်သည့် ဓါတ်တိုင်များကို ပြောင်းရွှေ့ရမည်ဖြစ်ရာတွင် မီးဖြတ်တောက်ရသည့် အချိန်ကြာမြင့်မည်စိုးသဖြင့် တိုင်အသစ်များစိုက်ထူပြီးမှ ကြိုးများပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း သိရသည်။

"ဓာတ်တိုင် (၅၂) တိုင်နှုတ်ရမယ်။ မနက်ဖြန်မနက် ကျင်းစတူးမယ်။ လမ်းဘေးတစ်ချို့ဆိုင်တွေက အမိုးတွေရှေ့ကို (၆) ပေ၊ (၇) ပေလောက်ထွက်နေတယ်။ အမိုးတွေခံနေတဲ့အတွက် ကျင်းနေရာတွေကို ဆေးနဲ့လိုက်မှတ်တယ်ပေါ့။ စည်ပင်ကဆွဲပေးတဲ့မြေပုံအရ (၁၀) ပေ၊ (၁၁) ပေပေါ့။ ပါ၀ါလိုင်းက (၁၀) တိုင်ပါတယ်။ အဲဒီတိုင်တွေအရင်တူးမှာပေါ့။ ကျန်တဲ့တိုင်တွေအတွက်က လျာထားပြီးတော့ (၁) ပေလောက်ပဲ တူးထားဦးမယ်။ စည်ပင်က အမိုးတွေဖယ်ပြီးတဲ့အခါမှ တိုင်ထူမယ်။ တိုင်တွေထူပြီးရင် ကြွေသီးအသစ်တွေ ချိတ်မယ်။ (၅၂) တိုင်စလုံးအကုန်ပြီးပြီဆိုမှ လက်ရှိသွယ်ထားတဲ့ကြိုးတွေကို တိုင်အသစ်ပေါ်ပြောင်းတင်မယ်။ အဲဒါဆိုမီးဖြတ်ရမယ့်အချိန် နည်းသွားမှာပေါ့။ အထဲကို ရွှေ့ရမှာဆိုတော့ ကြိုးတိုသွားတော့ ကြိုးဆက်ရမှာဆိုတော့ မီးဖြတ်ရမှာပေါ့။ မဟုတ်ရင် တိုင်စိုက်လိုက် ကြိုးတင်လိုက်ဆိုရင် မီးခဏခဏဖြတ်ရမှာစိုးလို့"ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ပါလျှံလမ်းတိုးချဲ့နိုင်ရေးအတွက် လမ်းဘေးဝဲယာလမ်းတိုးချဲ့ခြင်းလုပ်ဆောင်ရန်အတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်တို့ပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၄) ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net