တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး
မတ် 28, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းထဲက ပါခုတ်ကျေးရွာမှာ ၂၀၂၀ခုနှစ် မတ်လ(၂၈)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က နေအိမ်အခန်းအတွင်း မီးလောင်မှု ဖြစ်ပွားရာက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိပါတယ်။

မီးလောင်တဲ့အကြောင်းအရာကတော့ လူနေအခန်းအတွင်းမှာ ဖုန်းအားသွင်းတဲ့ ပါဝါဘဏ်ကို အားသွင်းထားရာကနေအပူလွန်ကဲပြီး မီးလောင်မှုဖြစ်တာလို့ သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာနေရာဟာ တာချီလိတ်မြို့ထဲနဲ့ အလှမ်းဝေးပြီး မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ယာဉ် (၃)စီး ရေသယ်ယာဉ် (၁)စီးတို့နဲ့ သွားရောက်ငြိမ်းသတ်တဲ့အခါ ရွာသူရွာသားများနဲ့ပူးပေါင်းပြီး ဘေးပတ်ဝန်းကျင်ကို  မကူးစက်အောင် ငြိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~