ထိုင်းနိုင်ငံဘက်မှ ဓါတ်အားခွဲရုံပြုပြင်မည်ဖြစ်၍ တာချီလိတ်၌ နိုဝင်ဘာလ (၂)ရက်နေ့တွင် လျှပ်စစ်ဓါတ်အား (၈)နာရီကြာ ပြတ်တောက်မည်

ထိုင်းနိုင်ငံဘက်မှ ဓါတ်အားခွဲရုံပြုပြင်မည်ဖြစ်၍ တာချီလိတ်၌ နိုဝင်ဘာလ (၂)ရက်နေ့တွင် လျှပ်စစ်ဓါတ်အား (၈)နာရီကြာ ပြတ်တောက်မည်
အောက်တိုဘာ 23, 2019
By 🌸
ထိုင်းနိုင်ငံဘက်မှ ဓါတ်အားခွဲရုံပြုပြင်မည်ဖြစ်၍ တာချီလိတ်၌ နိုဝင်ဘာလ (၂)ရက်နေ့တွင် လျှပ်စစ်ဓါတ်အား (၈)နာရီကြာ ပြတ်တောက်မည်

ထိုင်းနိုင်ငံ မယ်ဆိုင်လျှပ်စစ်ဓါတ်အားခွဲရုံတွင် ပြုပြင်ထိန်းသိမ်းမှုလုပ်မည်ဖြစ်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့ နံနက် (၈)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီက အသိပေးထားသည်။

လျှပ်စစ်မီးပြတ်တောက်နေစဉ်ကာလအတွင်း တာချီလိတ်မြို့ဘက်တွင် မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား တာလော့ရပ်ကွက်ရှိ 22KV ပါဝါလိုင်းကြိုး လဲလှယ်တပ်ဆင်ခြင်း၊ မြန်မာ - ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားရှိ ပါဝါလိုင်းအား ပြန်လည်ပြုပြင်ခြင်းများကို မြို့မီးလင်းရေးရုံးနှင့်ရုံးခွဲတို့မှ ပူးပေါင်းကာ တစ်ပြိုင်တည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို ဝယ်ယူပြီး မြို့မီးလင်းရေးကော်မတီမှတစ်ဆင့် တာချီလိတ်တွင် ပြန်လည်ရောင်းချ ဖြန့်ဖြူးနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - မီးလင်းရေးကော်မတီ

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ထုိင္းနိုင္ငံဘက္မွ ဓါတ္အားခြဲရံုျပဳျပင္မည္ျဖစ္၍ တာခ်ီလိတ္၌ ႏိုဝင္ဘာလ (၂)ရက္ေန႔တြင္ လွ်ပ္စစ္ဓါတ္အား (၈)နာရီၾကာ ျပတ္ေတာက္မည္
*************
ထုိင္းႏိုင္ငံ မယ္ဆုိင္လွ်ပ္စစ္ဓါတ္အားခြဲရံုတြင္ ျပဳျပင္ထိန္းသိမ္းမႈလုပ္မည္ျဖစ္၍ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၂)ရက္ေန႔ နံနက္ (၈)နာရီခြဲမွ ညေန (၄)နာရီခြဲအထိ လွ်ပ္စစ္မီးျပတ္ေတာက္မည္ျဖစ္ေၾကာင္း ၿမိဳ႕မီးလင္းေရးေကာ္မတီက အသိေပးထားသည္။

လွ်ပ္စစ္မီးျပတ္ေတာက္ေနစဥ္ကာလအတြင္း တာခ်ီလိတ္ၿမိဳ႕ဘက္တြင္ ျမန္မာ - ထုိင္း အမွတ္(၁) ခ်စ္ၾကည္ေရးတံတား တာေလာ့ရပ္ကြက္ရိွ 22KV ပါဝါလိုင္းႀကိဳး လဲလွယ္တပ္ဆင္ျခင္း၊ ျမန္မာ - ထုိင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားရိွ ပါ၀ါလိုင္းအား ျပန္လည္ျပဳျပင္ျခင္းမ်ားကို ၿမိဳ႕မီးလင္းေရးရံုးႏွင့္ရံုးခြဲတို႔မွ ပူးေပါင္းကာ တစ္ၿပိဳင္တည္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ လွ်ပ္စစ္ဓါတ္အားကို ဝယ္ယူၿပီး ၿမိဳ႕မီးလင္းေရးေကာ္မတီမွတစ္ဆင့္ တာခ်ီလိတ္တြင္ ျပန္လည္ေရာင္းခ် ျဖန႔္ျဖဴးေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - မီးလင္းေရးေကာ္မတီ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net