မိုင်းဖုန်းဆရာတော်အား ဆေးကုသရန်အတွက် ထိုင်းနိုင်ငံ ချင်းရိုင်းသို့ ညတွင်းချင်း အရေးပေါ် ပို့ဆောင်လိုက်ရ

မိုင်းဖုန်းဆရာတော်အား ဆေးကုသရန်အတွက် ထိုင်းနိုင်ငံ ချင်းရိုင်းသို့ ညတွင်းချင်း အရေးပေါ် ပို့ဆောင်လိုက်ရ
ဇူလိုင် 14, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ တဆင့် ထိုင်းနိုင်ငံ ချင်းရိုင်းသို့ မိုင်းဖုန်းဆရာတော်အား ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့ ည(၉)နာရီ မိနစ် (၅၀)အချိန်က ဆေးကုသရန်အတွက် အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း သိရသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် အထူးဒေသ(၄)မိုင်းလား ရှိ မိုင်းခန်ဖဝတ်ဂူသို့ အဓိဌာန်မဝင်မီ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ နံနက်ပိုင်းက မှိုဆွမ်းဟင်းဘုဉ်းပေးမိခဲ့ရာမှ မူးဝေပျို့အန်သည့် ဝေဒနာခံစားခဲ့ရပြီးနောက်ပိုင်း ဇူလိုင်လ(၈)ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ Bangkok Hospital တွင် ဆေးဝါးကုသမှု ခံယူပြီးနောက် ဇူလိုင်လ(၁၀)ရက်နေ့တွင် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ကျောင်းတိုက်သို့ ပြန်လည် ကြွလာနိုင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့ ညတွင် ကျန်းမာရေးအခြေအနေအရ ည(၉)နာရီ မိနစ် (၅၀)အချိန်တွင် ချစ်ကြည်ရေးတံတားကနေ ထိုင်းနိုင်ငံ ချင်းရိုင်သို့ ဆေးကုသရန်အတွက် အရေးပေါ် ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်း မိုင်းဖုန်းဆရာတော်အား လိုက်ပါ ပို့ဆောင်ပေးခဲ့သူတစ်ဦးထံက သိရသည်။