မိုင်းဆတ် - တာချီလိတ်သွားလမ်း လွိုင်ဆမ်ဆုံတောင်အဆင်းတွင် ယာဉ်တိမ်းမှောက်၍ အမျိုးသမီးနှစ်ဦးသေဆုံး

မိုင်းဆတ် - တာချီလိတ်သွားလမ်း လွိုင်ဆမ်ဆုံတောင်အဆင်းတွင် ယာဉ်တိမ်းမှောက်၍ အမျိုးသမီးနှစ်ဦးသေဆုံး
မေ 5, 2019
By Tachileik News Agency


မိုင်းဆတ်မြို့နယ်၊ ၀မ်နောင်ကျေးရွာအုပ်စု၊ ခြေမြန်တပ်ရင်း(၅၅၃)အနီး မိုင်းဆတ် - တာချီလိတ်သွားလမ်း လွိုင်ဆမ်ဆုံတောင်အဆင်းတွင် မေလ(၄)ရက်နေ့ ညနေ(၅း၄၅)နာရီဝန်းကျင်အချိန်က Vigo အမျိုးအစား မော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေး ညာဘက်ရှိ မြေသားနံရံအား တိုက်မိရာမှ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၇)ဦးအနက် အသက်(၅၁)နှစ်အရွယ် ဒေါ်တင်တင်စန်း နှင့် အသက်(၄၁)နှစ်ရှိ ဒေါ်ဇာနည်ဝင်းတို့သည် ရရှိထားသော ဒဏ်ရာများကြောင့် မိုင်းဆတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားခြင်းဖြစ်ကြောင်းအပြင် ယာဉ်တိမ်းမှောက်မှုကြောင့် အသက်(၃၈)နှစ်အရွယ် ဦးထွန်းမင်းလတ်(ခ) အားကြီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။





~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ် - တာချီလိတ်သွားလမ်း လွိုင်ဆမ်ဆုံတောင်အဆင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှု ၂၀၁၉ခုနှစ် မေလ(၄)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု၊ ခြမြေန်တပ်ရင်း(၅၅၃)အနီး မိုင်းဆတ် - တာချီလိတ်သွားလမ်း လွိုင်ဆမ်ဆုံတောင်အဆင်းတွင် မေလ(၄)ရက်နေ့ ညနေ(၅း၄၅)နာရီဝန်းကျင်အချိန်က Vigo အမျိုးအစား မော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေး ညာဘက်ရှိ မြေသားနံရံအား တိုက်မိရာမှ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၇)ဦးအနက် အသက်(၅၁)နှစ်အရွယ် ဒေါ်တင်တင်စန်း နှင့် အသက်(၄၁)နှစ်ရှိ ဒေါ်ဇာနည်ဝင်းတို့သည် ရရှိထားသော ဒဏ်ရာများကြောင့် မိုင်းဆတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားခြင်းဖြစ်ကြောင်းအပြင် ယာဉ်တိ်မ်းမှောက်မှုကြောင့် အသက်(၃၈)နှစ်အရွယ် ဦးထွန်းမင်းလတ်(ခ) အားကြီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ အသက်(၆၃)နှစ်ရှိ ဦးစိန်ဝင်းအား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net