တာချီလိတ်တွင်  ဆိုင်ကယ်ခိုးယူမှုများ နေ့ခင်းပိုင်းအချိန်များတွင်ပါ ခိုးမှုဖြစ်ပွားလာ

တာချီလိတ်တွင်  ဆိုင်ကယ်ခိုးယူမှုများ နေ့ခင်းပိုင်းအချိန်များတွင်ပါ ခိုးမှုဖြစ်ပွားလာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးယူခံရမှုများ တိုးလာနေပြီး နေ့ခင်းပိုင်းအချိန်များ၌ပါ ခိုးယူမှုများဖြစ်ပွားလာကြောင်း သိရသည်။

ဆန်ဆိုင်း(ခ) ဝမ်မိုင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ နံနက် (၇)နာရီဝန်းကျင်၌ နေအိမ်ရှေ့မှ မသင်္ကာဖွယ်လူနှစ်ဦးကိုတွေ့၍ ကြည့်နေစဉ် ဆိုင်ကယ်ကိုခိုးယူရန် ကြိုးစားနေသည်ကို အိမ်ရှင်ကအချိန်မီတွေ့၍ တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

အိမ်ရှေ့ကို မနက်ပိုင်းက လာချောင်းနေတော့ မသင်္ကာလို့ ကြည့်လိုက်တော့ ဆိုင်ကယ်ကို ခိုးဖို့လုပ်နေတာတွေ့တယ်။ သူတို့ကြိုးတစ်ခုဖြတ်သွားလို့ ဆိုင်ကယ်ပြင်ဆိုင်ခေါ်ပြတော့ သော့ကြိုးဖြတ်သွားတာလို့ သိရတယ်။  အဲဒါ အိမ်နားမှာ နှစ်ခါ၊ သုံးခါ လာလာကြည့်သေးတယ်

ဟု ဆိုင်ကယ်ပိုင်ရှင်က ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ယခင် ရဲတပ်ဖွဲ့က ရံဖန်ရံခါဖမ်းဆီးရမိမှုများရှိတတ်သည်ကို တွေ့ရပြီး  နိုင်ငံအာဏာသိမ်းခံရပြီး နောက်ပိုင်းတွင် ဆိုင်ကယ်ခိုးယူမှုတိုးလာသည့်အပြင် ဖမ်းဆီးရမိမှုလည်း မရှိတော့သည်ကိုတွေ့လာရသည်။

#TachileikNewsAgency